YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 5:27-32

တမန်တော် 5:27-32 JBMLE

ထို​သို့ ခေါ်​ဆောင်​ပြီး​လျှင်၊ လွှတ်​အ​ရာ​ရှိ​တို့ ရှေ့​မှာ​ထား၍ ယဇ်​ပု​ရော​ဟိတ်​မင်း​က၊- ထို​နာ​မ​ကို​အ​မှီ​ပြု၍ မ​ဆုံး​မ မ​သွန်​သင်​မည်​အ​ကြောင်း ငါ​တို့​သည်​သင်​တို့​အား၊ ကျပ်​တည်း​စွာ စီ​ရင်​မှာ​ထား​သည် မ​ဟုတ်​လော။ ယ​ခု ကြည့်​ကြ။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​တို့​အ​ယူ​ဝါ​ဒ​နှင့် ပြည့်​စေ​သည်​ဖြစ်၍၊ ငါ​တို့​အ​ပေါ်​သို့ ထို​သူ၏​အ​သွေး​ကို ရောက်​စေ​ခြင်း​ငှာ သင်​တို့ ကြံ​စည်​ပါ​သည်​တ​ကား​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။- ပေ​တ​ရု​နှင့် အ​ခြား​သော တ​မန်​တော်​တို့​က​လည်း၊ လူ၏​စ​ကား​ထက် ဘု​ရား​သ​ခင်၏​စ​ကား​တော်ကို နား​ထောင်​သင့်​ပါ၏။- သင်​တို့​သည် သစ်​တိုင်၌​ဆွဲ၍ ကွပ်​မျက်​သော​ယေ​ရှု​ကို ငါ​တို့ ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် ထ​မြောက်​စေ​တော်​မူ​ပြီ။- ဣ​သ​ရေ​လ​လူ​တို့​အား နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို ပေး​စေ​ခြင်း​ငှာ၊ ထို​သူ​ကို အ​စိုး​ရ​သော အ​ရှင်​အ​ရာ၌​လည်း​ကောင်း၊ ကယ်​တင်​သော သ​ခင်​အ​ရာ၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား၍ မိ​မိ​လက်​ယာ​လက်​တော်​နှင့် ချီး​မြှင့်​တော်​မူ​ပြီ။- ထို​အ​ကြောင်း​အ​ရာ​တို့​သည် အ​မှန်​ဖြစ်​ကြောင်း​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​ထောင်​သော သူ​တို့​အား ပေး​သ​နား​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​လည်း သက်​သေ​ခံ​ဖြစ်​တော်​မူ​သည်​ဟု ပြော​ဆို​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။