YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 5:12-16

တမန်တော် 5:12-16 JBMLE

တ​မန်​တော်​တို့​သည်​လည်း လူ​များ​ရှေ့​မှာ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အ​ရာ​များ​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​က​နား​ပြင်၌ တ​ညီ​တ​ညွတ်​တည်း နေ​ကြ​သ​ဖြင့်၊- ကြွင်း​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပေါင်း​ဖော်​ဝံ့​သော်​လည်း၊ လူ​များ​တို့​သည် ကောင်း​ချီး​ပေး​ကြ၏။- သ​ခင်​ဘု​ရား၌​ယုံ​ကြည်​သော ယောက်ျား၊ မိန်း​မ၊ အ​ပေါင်း​တို့​သည် သင်း​ဝင်​ကြ၏။- ပေ​တ​ရု​သည် လမ်း၌​လျှောက်​သွား​စဉ်၊ အ​နာ​စွဲ​သော​သူ​တို့​တွင် တစ်​ယောက်​ယောက်​ကို သူ၏​အ​ရိပ်​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ လူ​နာ​တို့​ကို လမ်း​နား​သို့​ထုတ်၍ ခု​တင်​မွေ့​ရာ​ပေါ်​မှာ ထား​ကြ၏။- ပတ်​လည်​ဝန်း​ကျင်၌​ရှိ​သော မြို့​သူ​ရွာ​သား အ​ပေါင်း​တို့​သည် အ​နာ​စွဲ​သော​သူ၊ နတ်​ဆိုး​ညှဉ်း​ဆဲ​သော​သူ​တို့​ကို ဆောင်​ခဲ့​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ စု​ဝေး​လာ​ကြ၍၊ ထို​လူ​နာ​အ​ပေါင်း​တို့​သည် အ​နာ​ကင်း​လွတ်​ခြင်း​သို့ ရောက်​ကြ၏။