YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 5:1-11

တမန်တော် 5:1-11 JBMLE

သို့​ရာ​တွင် အာ​န​နိ​နှင့် ရှ​ဖိ​ရေ​အ​မည်​ရှိ​သော လင်​မ​ယား​နှစ်​ယောက်​တို့​မူ​ကား၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ရောင်း​ပြီး​လျှင်၊- ထို​သူ​သည် မိ​မိ​ခင်​ပွန်း​နှင့်​သ​ဘော​တူ​လျက်၊ အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​သ​ဖြင့်၊ တစ်​ဖို့​ကို​သာ​ယူ​ဆောင်​ခဲ့၍ တ​မန်​တော်​တို့၏ ခြေ​ရင်း၌ ထား​လေ၏။- ပေ​တ​ရု​က​လည်း၊ အာ​န​နိ၊ သင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို လှည့်​စား၍၊ မြေ​ကို​ရောင်း​သော အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​မည်​အ​ကြောင်း၊ စာ​တန်​သည် သင်၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ပြည့်​စေ​ရ​သ​နည်း။- ထို​မြေ​ရှိ​စဉ်​တွင် ကိုယ်​ပိုင်​သည် မ​ဟုတ်​လော။ ရောင်း၍​ရ​သော အ​ဖိုး​သည် ကိုယ်​ဥ​စ္စာ​ဖြစ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် ဤ​သို့​ကြံ​စည်​သ​နည်း။ လူ​ကို​သာ မု​သား​ပြော​ပြီ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​လည်း မု​သား​ပြော​ပြီ​ဟု ပေ​တ​ရု​ဆို၏။- ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​န​နိ​သည် လဲ၍​သေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။- လု​လင်​တို့​သည်​လည်း​ထ၍ အ​လောင်း​ကောင်​ကို အ​ဝတ်​နှင့် ပတ်​ရစ်​ပြီး​လျှင် ဆောင်​သွား၍ သင်္ဂြိုဟ်​ကြ၏။ ထို​နောက် သုံး​နာ​ရီ​ခန့်​လောက်​ကြာ​လျှင်၊ သူ၏​ခင်​ပွန်း​သည် ဖြစ်​ခဲ့​ပြီး​သော အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​လျက် ဝင်​လာ၏။- ပေ​တ​ရု​က​လည်း၊ ဤ​မျှ​လောက်​နှင့် မြေ​ကို​ရောင်း​သ​လော၊ ငါ့​အား​ပြော​လော့​ဟု​မေး​လျှင်၊ ထို​မိန်း​မ​က၊ ဟုတ်​ပါ၏။ ဤ​မျှ​လောက်​နှင့်​ပင် ရောင်း​ပါ​သည်​ဟု​ဆို၏။- ပေ​တ​ရု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​ကို စုံ​စမ်း​မည်​ဟု သ​ဘော​တူ​နှင့် အ​ဘယ်​ကြောင့် ကြံ​စည်​ကြ​သ​နည်း။ ကြည့်​ရှု​လော့။ သင်၏​ခင်​ပွန်း​ကို သင်္ဂြိုဟ်​သော သူ​တို့၏​ခြေ​သည် တံ​ခါး​နား​မှာ​ရှိ​သည်​ဖြစ်၍၊ သင့်​ကို​လည်း ဆောင်​သွား​လေ​ဦး​မည်​ဟု ဆို​သော​ခ​ဏ​ချင်း​တွင်၊- ထို​မိန်း​မ​သည် ပေ​တ​ရု၏​ခြေ​ရင်း၌ လဲ၍​သေ​လေ၏။ လု​လင်​တို့​သည်​လည်း ဝင်၍ ထို​မိန်း​မ​သေ​သည်​ကို​တွေ့​လျှင်၊ ဆောင်​သွား၍​သူ၏ ခင်​ပွန်း​အ​နား​မှာ သင်္ဂြိုဟ်​ကြ၏။- သင်း​ဝင်​သူ​အ​ပေါင်း​မှ​စ၍ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။