YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:5-13

တမန်တော် 4:5-13 JBMLE

နက်​ဖြန်​နေ့​ရောက်​သော် မင်း​အ​ရာ​ရှိ၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​အ​န္နတ်၊ က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇ​န္ဒြု​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်​မင်း​မျိုး ရှိ​မျှ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​ကြ​ပြီး​လျှင်၊- တ​မန်​တော်​တို့​ကို အ​လယ်၌​ထား၍၊ သင်​တို့​သည် အ​ဘယ်​သို့​သော​တန်​ခိုး၊ အ​ဘယ်​သူ၏​နာ​မ​အား​ဖြင့် ဤ​အ​မှု​ကို​ပြု​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ လူ​များ​ကို အ​စိုး​ရ​သော​မင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့၊ အင်္ဂါ​ချို့​တဲ့​သော​သူ​ကို ကျေး​ဇူး​ပြု၍၊ သူ​သည် အ​နာ​ရော​ဂါ​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​သ​နည်း​ဟု ငါ​တို့​သည် ယ​နေ့​အ​စစ်​ခံ​ရ​လျှင်၊- သင်​တို့​သည် လက်​ဝါး​ကပ်​တိုင်​မှာ​ကွပ်​မျက်၍၊ ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ဤ​သူ​သည် သင်​တို့​မျက်​မှောက်၌ ကျန်း​မာ​လျက်​ရှိ​သည်​ကို သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့ သိ​မှတ်​ကြ​လော့။- ထို​သ​ခင်​ကား၊ သင်​တို့​သည် တိုက်​ကို တည်​လုပ်​သော​အ​ခါ ပယ်​ထား၍၊ နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွတ်​ဖျား​သို့​ရောက်​ပြန်​သော ကျောက်​ဖြစ်​တော်​မူ၏။ ထို​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကယ်​တင်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။- ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။ ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊