YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:23-28

တမန်တော် 4:23-28 JBMLE

တ​မန်​တော်​တို့​သည် လွတ်​သော​အ​ခါ၊ မိ​မိ​တို့ အ​ပေါင်း​အ​သင်း ရှိ​ရာ​သို့​သွား၍၊ မိ​မိ​တို့​အား ယဇ်​ပု​ရော​ဟိတ် အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့ ပြော​ဆို​သ​မျှ​ကို ပြန်​ကြား​ကြ၏။- ထို​သူ​များ​တို့​သည်​ကြား​ရ​လျှင်၊ တ​ညီ​တ​ညွတ်​တည်း ဘု​ရား​သ​ခင့်​ထံ​သို့​အ​သံ​ကို​လွှင့်​လျက်၊ အ​စိုး​ရ​တော်​မူ​သေ​အ​ရှင်၊ ကိုယ်​တော်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍ ထို​အ​ရပ်​တို့၌ ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။- ကိုယ်​တော်​က​လည်း၊ လူ​မျိုး​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ခတ်​ပြု​ကြ​သ​နည်း။ လူ​စု​တို့​သည် အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြံ​စည်​ကြ​သ​နည်း။- လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို ရန်​ဘက်​ပြု​လျက် စည်း​ဝေး​ကြ၏​ဟု ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏ နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊- ဟေ​ရုဒ်​မင်း၊ ပု​န္တိ​ပိ​လတ်​မင်း​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည်၊- ကိုယ်​တော်၏ အ​လို​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က လက်​တော်​ဖြင့် ခွဲ​ခန့်​မှတ်​သား​တော်​မူ​နှင့်​သ​မျှ​တို့​ကို ပြု​ခြင်း​ငှာ ဘိ​သိက်​ပေး​တော်​မူ​သော သား​တော်​မြတ်​ယေ​ရှု​ကို ဤ​မြို့၌​ရန်​ဘက်​ပြု၍ စည်း​ဝေး​ကြ​ပြီ၊ အ​မှန်​ဖြစ်​ပါ၏။