သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှာ မတတ်နိုင်ပြီ။- သို့သော်လည်း လူများအထဲ၌ သာ၍ မနှံ့မပြားစေခြင်းငှာ၊ နောက်တစ်ဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းခြောက်ကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊- တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့်ဟု အမိန့်ရှိကြ၏။ ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကိုနားထောင်သည်ထက် သင်တို့၏စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။- ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။
တမန်တော် 4 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 4:16-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ