YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:1-22

တမန်တော် 4:1-22 JBMLE

ထို​သို့ တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဟော​ပြော​စဉ်​တွင်၊ ဗိ​မာန်​တော်​မှူး​မှ​စ​သော ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဇ​ဒ္ဒု​ကဲ​များ​တို့​သည် လာ​ကြ​သ​ဖြင့်၊- တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ယေ​ရှု​ကို​အ​ကြောင်း​ပြု​လျက် သေ​ခြင်း​မှ ထ​မြောက်​ခြင်း​တ​ရား​ကို ဟော​သော​ကြောင့်၊ ထို​မင်း​များ​တို့​သည် စိတ်​ပူ​ပန်​ခြင်း​ရှိ​သည်​နှင့်၊- တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ပြီး​မှ၊ ည​အ​ချိန်​ဖြစ်​သော​ကြောင့် နက်​ဖြန်​နေ့​တိုင်​အောင် နှောင်​အိမ်၌ ချုပ်​ထား​ကြ၏။- တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။ နက်​ဖြန်​နေ့​ရောက်​သော် မင်း​အ​ရာ​ရှိ၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​အ​န္နတ်၊ က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇ​န္ဒြု​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်​မင်း​မျိုး ရှိ​မျှ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​ကြ​ပြီး​လျှင်၊- တ​မန်​တော်​တို့​ကို အ​လယ်၌​ထား၍၊ သင်​တို့​သည် အ​ဘယ်​သို့​သော​တန်​ခိုး၊ အ​ဘယ်​သူ၏​နာ​မ​အား​ဖြင့် ဤ​အ​မှု​ကို​ပြု​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ လူ​များ​ကို အ​စိုး​ရ​သော​မင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့၊ အင်္ဂါ​ချို့​တဲ့​သော​သူ​ကို ကျေး​ဇူး​ပြု၍၊ သူ​သည် အ​နာ​ရော​ဂါ​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​သ​နည်း​ဟု ငါ​တို့​သည် ယ​နေ့​အ​စစ်​ခံ​ရ​လျှင်၊- သင်​တို့​သည် လက်​ဝါး​ကပ်​တိုင်​မှာ​ကွပ်​မျက်၍၊ ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ဤ​သူ​သည် သင်​တို့​မျက်​မှောက်၌ ကျန်း​မာ​လျက်​ရှိ​သည်​ကို သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့ သိ​မှတ်​ကြ​လော့။- ထို​သ​ခင်​ကား၊ သင်​တို့​သည် တိုက်​ကို တည်​လုပ်​သော​အ​ခါ ပယ်​ထား၍၊ နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွတ်​ဖျား​သို့​ရောက်​ပြန်​သော ကျောက်​ဖြစ်​တော်​မူ၏။ ထို​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကယ်​တင်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။- ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။ ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊- အ​နာ​ကင်း​လွတ်​သော​သူ​သည် ထို​သူ​တို့​နှင့်​အ​တူ ရှိ​နေ​သည်​ကို မြင်၍​လည်း​ကောင်း၊ ငြင်း​ခုံ​ဆို​ဖွယ်​ရာ မ​ရှိ​မ​တွေ့​ကြ။- တ​မန်​တော်​တို့​ကို လွှတ်​တော်​မှ ထွက်​သွား​စေ​ပြီး​လျှင်၊ ဤ​သူ​တို့​ကို အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။- သူ​တို့​သည် ထင်​ရှား​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​ပြီး​သည်​ကို၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည် သိ​မြင်​ကြ၏။ ငါ​တို့​သည်​လည်း ငြင်း​ခုံ​ခြင်း​ငှာ မ​တတ်​နိုင်​ပြီ။- သို့​သော်​လည်း လူ​များ​အ​ထဲ၌ သာ၍ မ​နှံ့​မ​ပြား​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ထို​နာ​မ​ကို အ​မှီ​ပြု​လျက် အ​ဘယ်​သူ​ကို​မျှ မ​ဟော​မ​ပြော​နှင့်​ဟူ၍ သူ​တို့​ကို ကျပ်​တည်း​စွာ ခြိမ်း​ခြောက်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်​ပြီး​မှ၊- တ​မန်​တော်​တို့​ကို​ခေါ်၍၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် ဟော​ပြော​သွန်​သင်​ခြင်း​ကို အ​လျှင်း​မ​ပြု​နှင့်​ဟု အ​မိန့်​ရှိ​ကြ၏။ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို​နား​ထောင်​သည်​ထက် သင်​တို့၏​စ​ကား​ကို သာ၍​နား​ထောင်​သော်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကောင်း​မည်​မ​ကောင်း​မည်​ကို ဆင်​ခြင်၍ စီ​ရင်​ကြ​လော့။- ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။- ထို​အ​ခါ တ​မန်​တော်​တို့၌ အ​ပြစ်​ဒဏ်​ပေး​သင့်​သော​အ​ကြောင်း​ကို မ​တွေ့​သ​ဖြင့် တစ်​ဖန် ခြိမ်း​ခြောက်​ပြီး​လျှင် လွှတ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ အ​နာ​ကင်း​ခြင်း နိ​မိတ်​လ​က္ခ​ဏာ​ကို ခံ​ရ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​သည်​ဖြစ်၍ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​ထောက်​လျက် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။