YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:1-12

တမန်တော် 4:1-12 JBMLE

ထို​သို့ တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဟော​ပြော​စဉ်​တွင်၊ ဗိ​မာန်​တော်​မှူး​မှ​စ​သော ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဇ​ဒ္ဒု​ကဲ​များ​တို့​သည် လာ​ကြ​သ​ဖြင့်၊- တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ယေ​ရှု​ကို​အ​ကြောင်း​ပြု​လျက် သေ​ခြင်း​မှ ထ​မြောက်​ခြင်း​တ​ရား​ကို ဟော​သော​ကြောင့်၊ ထို​မင်း​များ​တို့​သည် စိတ်​ပူ​ပန်​ခြင်း​ရှိ​သည်​နှင့်၊- တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ပြီး​မှ၊ ည​အ​ချိန်​ဖြစ်​သော​ကြောင့် နက်​ဖြန်​နေ့​တိုင်​အောင် နှောင်​အိမ်၌ ချုပ်​ထား​ကြ၏။- တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။ နက်​ဖြန်​နေ့​ရောက်​သော် မင်း​အ​ရာ​ရှိ၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​အ​န္နတ်၊ က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇ​န္ဒြု​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်​မင်း​မျိုး ရှိ​မျှ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​ကြ​ပြီး​လျှင်၊- တ​မန်​တော်​တို့​ကို အ​လယ်၌​ထား၍၊ သင်​တို့​သည် အ​ဘယ်​သို့​သော​တန်​ခိုး၊ အ​ဘယ်​သူ၏​နာ​မ​အား​ဖြင့် ဤ​အ​မှု​ကို​ပြု​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ လူ​များ​ကို အ​စိုး​ရ​သော​မင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့၊ အင်္ဂါ​ချို့​တဲ့​သော​သူ​ကို ကျေး​ဇူး​ပြု၍၊ သူ​သည် အ​နာ​ရော​ဂါ​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​သ​နည်း​ဟု ငါ​တို့​သည် ယ​နေ့​အ​စစ်​ခံ​ရ​လျှင်၊- သင်​တို့​သည် လက်​ဝါး​ကပ်​တိုင်​မှာ​ကွပ်​မျက်၍၊ ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ဤ​သူ​သည် သင်​တို့​မျက်​မှောက်၌ ကျန်း​မာ​လျက်​ရှိ​သည်​ကို သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့ သိ​မှတ်​ကြ​လော့။- ထို​သ​ခင်​ကား၊ သင်​တို့​သည် တိုက်​ကို တည်​လုပ်​သော​အ​ခါ ပယ်​ထား၍၊ နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွတ်​ဖျား​သို့​ရောက်​ပြန်​သော ကျောက်​ဖြစ်​တော်​မူ၏။ ထို​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကယ်​တင်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။- ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။