YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 3:6-10

တမန်တော် 3:6-10 JBMLE

ပေ​တ​ရု​က​လည်း၊ ငါ၌​ရွှေ​ငွေ​မ​ရှိ။ ရှိ​သည်​အ​ရာ​ကို သင့်​အား​ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ထ​၍​လှမ်း​သွား​လော့​ဟု​ဆို​လျက်၊- သူ၏​လက်​ယာ​လက်​ကို ကိုင်​ဆွဲ​ချီ​ကြွ​လေ​သော ခ​ဏ​ချင်း​တွင်၊ ခြေ​နှစ်​ဖက်​ဖ​မျက်​စိ​တို့​သည် စွမ်း​အား​ကို​ရ​သ​ဖြင့်၊- ရုတ်​တ​ရက်​ထ၍ မတ်​တပ်​ရပ်​ပြီး​လျှင် လှမ်း​သွား​လေ၏။ သွား​လျက်၊ ခုန်​လျက်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လျက်၊ တ​မန်​တော်​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ဝင်​လေ၏။- ထို​သို့​လှမ်း​သွား၍ ဘု​ရား​သ​ခင်​အား ချီး​မွမ်း​သည်​ကို လူ​အ​ပေါင်း​တို့​သည် မြင်​သော​အ​ခါ၊- ထို​သူ​သည် ဗိ​မာန်​တော်၏​တင့်​တယ်​တံ​ခါး​နား​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ၍ ထိုင်​နေ​သော​သူ​ဖြစ်​သည်​ကို သိ​ကြ​သော​ကြောင့်၊ သူ၌​ဖြစ်​သည် အ​မှု​ကို အံ့​ဩ​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊