YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 3:1-8

တမန်တော် 3:1-8 JBMLE

ထို​အ​ခါ​ပ​တ္ထ​နာ​ပြု​ရ​သော သုံး​ချက်​တီး​အ​ချိန်၌ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့ တက်​ကြ​သည်​ရှိ​သော်၊- အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သော သူ​တစ်​ယောက်​ကို သူ​တစ်​ပါး​တို့​သည် ထမ်း​လျက်​လာ​ကြ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​သူ​တို့​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ၊ တင့်​တယ်​အ​မည်​ရှိ​သော တံ​ခါး​နား​မှာ ထို​သူ​ကို​ထား​လေ့​ရှိ၏။- ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​ဝင်​မည် လာ​ကြ​သည်​ကို ထို​သူ​သည်​မြင်​လျှင် စွန့်​ကြဲ​ပါ​ဟု တောင်း​လေ၏။- ထို​အ​ခါ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ငါ​တို့​အား မျှော်​ကြည့်​လော့​ဟု​ဆို​လျှင်၊- ထို​သူ​သည်​တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု​စိတ်​ထင်​နှင့် တ​မန်​တော်​တို့​ကို မျှော်​ကြည့်​လျက်​နေ၏။- ပေ​တ​ရု​က​လည်း၊ ငါ၌​ရွှေ​ငွေ​မ​ရှိ။ ရှိ​သည်​အ​ရာ​ကို သင့်​အား​ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ထ​၍​လှမ်း​သွား​လော့​ဟု​ဆို​လျက်၊- သူ၏​လက်​ယာ​လက်​ကို ကိုင်​ဆွဲ​ချီ​ကြွ​လေ​သော ခ​ဏ​ချင်း​တွင်၊ ခြေ​နှစ်​ဖက်​ဖ​မျက်​စိ​တို့​သည် စွမ်း​အား​ကို​ရ​သ​ဖြင့်၊- ရုတ်​တ​ရက်​ထ၍ မတ်​တပ်​ရပ်​ပြီး​လျှင် လှမ်း​သွား​လေ၏။ သွား​လျက်၊ ခုန်​လျက်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လျက်၊ တ​မန်​တော်​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ဝင်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။