YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 3:1-16

တမန်တော် 3:1-16 JBMLE

ထို​အ​ခါ​ပ​တ္ထ​နာ​ပြု​ရ​သော သုံး​ချက်​တီး​အ​ချိန်၌ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့ တက်​ကြ​သည်​ရှိ​သော်၊- အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သော သူ​တစ်​ယောက်​ကို သူ​တစ်​ပါး​တို့​သည် ထမ်း​လျက်​လာ​ကြ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​သူ​တို့​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ၊ တင့်​တယ်​အ​မည်​ရှိ​သော တံ​ခါး​နား​မှာ ထို​သူ​ကို​ထား​လေ့​ရှိ၏။- ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​ဝင်​မည် လာ​ကြ​သည်​ကို ထို​သူ​သည်​မြင်​လျှင် စွန့်​ကြဲ​ပါ​ဟု တောင်း​လေ၏။- ထို​အ​ခါ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ငါ​တို့​အား မျှော်​ကြည့်​လော့​ဟု​ဆို​လျှင်၊- ထို​သူ​သည်​တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု​စိတ်​ထင်​နှင့် တ​မန်​တော်​တို့​ကို မျှော်​ကြည့်​လျက်​နေ၏။- ပေ​တ​ရု​က​လည်း၊ ငါ၌​ရွှေ​ငွေ​မ​ရှိ။ ရှိ​သည်​အ​ရာ​ကို သင့်​အား​ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ထ​၍​လှမ်း​သွား​လော့​ဟု​ဆို​လျက်၊- သူ၏​လက်​ယာ​လက်​ကို ကိုင်​ဆွဲ​ချီ​ကြွ​လေ​သော ခ​ဏ​ချင်း​တွင်၊ ခြေ​နှစ်​ဖက်​ဖ​မျက်​စိ​တို့​သည် စွမ်း​အား​ကို​ရ​သ​ဖြင့်၊- ရုတ်​တ​ရက်​ထ၍ မတ်​တပ်​ရပ်​ပြီး​လျှင် လှမ်း​သွား​လေ၏။ သွား​လျက်၊ ခုန်​လျက်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လျက်၊ တ​မန်​တော်​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ဝင်​လေ၏။- ထို​သို့​လှမ်း​သွား၍ ဘု​ရား​သ​ခင်​အား ချီး​မွမ်း​သည်​ကို လူ​အ​ပေါင်း​တို့​သည် မြင်​သော​အ​ခါ၊- ထို​သူ​သည် ဗိ​မာန်​တော်၏​တင့်​တယ်​တံ​ခါး​နား​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ၍ ထိုင်​နေ​သော​သူ​ဖြစ်​သည်​ကို သိ​ကြ​သော​ကြောင့်၊ သူ၌​ဖြစ်​သည် အ​မှု​ကို အံ့​ဩ​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ ထို​သူ​သည် ပေ​တ​ရု​နှင့် ယော​ဟန်​ကို အ​မှီ​ပြု​လျက်​ရှိ​ရာ​အ​ရပ်၊ ရှော​လ​မုန်​က​နား​ပြင်​အ​မည်​ရှိ​သော က​နား​ပြင်​သို့​ပြေး​ဝင်၍ စု​ဝေး​ကြ၏။ ပေ​တ​ရု​သည် မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့ အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို အံ့​ဩ​ကြ​သ​နည်း။ ဤ​သူ​သည် လှမ်း​သွား​နိုင်​သော​အ​ခွင့်​ကို ငါ​တို့​သည် ကိုယ်​တန်​ခိုး၊ ကိုယ်​သီ​လ​အား​ဖြင့်​ပေး​ဘိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ငါ​တို့​ကို စေ့​စေ့​ကြည့်​ရှု​ကြ​သ​နည်း။- အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏​ဘု​ရား​သ​ခင်၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏ ဘုန်း​ကို​ထင်​ရှား​စေ​တော်​မူ​ပြီ။ ထို​သ​ခင်​ကို သင်​တို့​သည် ပိ​လတ်​မင်း​လက်​သို့​အပ်​နှံ၍၊ ထို​မင်း​သည် လွှတ်​မည်​အ​ကြံ​ရှိ​သော်​လည်း သင်​တို့​သည် ထို​သ​ခင်​ကို​ငြင်း​ပယ်​ကြ၏။- သန့်​ရှင်း​ဖြောင့်​မတ်​တော်​မူ​သော သ​ခင်​ကို​ငြင်း​ပယ်၍၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ် ရှိ​သော​သူ​တစ်​ယောက်​ကို ရ​မည်​အ​ကြောင်း တောင်း​ပန်​သ​ဖြင့်၊- အ​သက်​ရှင်​ခြင်း​သို့ ပို့​ဆောင်​တော်​မူ​သော​အ​ရှင်​ကို ကွပ်​မျက်​ကြ​ပြီ​တ​ကား၊ ထို​အ​ရှင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။- ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ထို​သ​ခင်၏​နာ​မ​တော်​သည် သင်​တို့​သိ​မြင်​သော ဤ​သူ​အား အ​စွမ်း​ကို ပေး​တော်​မူ​ပြီ။ ထို​သ​ခင်​ကြောင့်​ရ​သော ယုံ​ကြည်​ခြင်း​သည် သင်​တို့​မျက်​မှောက်​တွင် ဤ​သူ၌​စေ့​စုံ​ခြင်း အ​ခွင့်​ကို​ပေး၍​ရှိ​လေ​ပြီ။