ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။- မိုးရွာ၍ ချမ်းသောကြောင့် လူရိုင်းတို့သည် မီးမွှေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။- ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည် မီးငွေ့ထဲကထွက်၍ ပေါလု၏လက်ကို တွယ်လျက်နေ၏။- ထိုလူရိုင်းတို့သည် မြင်လျှင်၊ ဤလူကား၊ လူအသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှာ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။- ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။- သူသည် တစ်ကိုယ်လုံးရောင်မည်၊ တစ်ခဏချင်းတွင် လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့်သော်လည်း၊ သူ၌မကောင်းသော အပြစ်တစ်စုံတစ်ခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကား နတ်ဘုရားဖြစ်သည်ဟု ဆိုကြ၏။ ထိုအရပ်နှင့် မနီးမဝေး ပုဗလိအမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။- ပုဗလိမင်း၏အဘသည် ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်းပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကိုငြိမ်းစေ၏။- ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။
တမန်တော် 28 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 28
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 28:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ