YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 28:1-10

တမန်တော် 28:1-10 JBMLE

ကုန်း​ပေါ်​သို့ ရောက်​သော​အ​ခါ၊ ထို​ကျွန်း​ကား မေ​လိ​တေ​ကျွန်း​ဖြစ်​သည်​ကို သိ​ကြ၏။- မိုး​ရွာ၍ ချမ်း​သော​ကြောင့် လူ​ရိုင်း​တို့​သည် မီးမွှေး​ပြီး​လျှင်၊ ငါ​တို့​အ​ပေါင်း​ကို လက်​ခံ၍ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​ကြ၏။- ပေါ​လု​သည် ထင်း​ကို​စု​သိမ်း၍ မီး​ပေါ်​မှာ ထည့်​စဉ်​တွင်၊ မြွေ​ဆိုး​သည် မီး​ငွေ့​ထဲ​က​ထွက်၍ ပေါ​လု၏​လက်​ကို တွယ်​လျက်​နေ၏။- ထို​လူ​ရိုင်း​တို့​သည် မြင်​လျှင်၊ ဤ​လူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ အ​မှန်​ဖြစ်၏။ ပင်​လယ်​ဘေး​မှ လွတ်​သော်​လည်း၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ တ​ရား​သည် အ​ခွင့်​မ​ပေး​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။- ပေါ​လု​သည်​မြွေ​ကို မီး​ထဲ​သို့​ခါ​ချ၍ အ​ဘယ် ဘေး​မျှ​မ​သင့်။- သူ​သည် တစ်​ကိုယ်​လုံး​ရောင်​မည်၊ တစ်​ခ​ဏ​ချင်း​တွင် လဲ၍​သေ​မည်​ဟု ထို​သူ​တို့​သည်​ကြာ​မြင့်​စွာ ငံ့​လင့်​သော်​လည်း၊ သူ၌​မ​ကောင်း​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​မြင်​လျှင် သ​ဘော​ပြောင်း​လဲ၍ ဤ​သူ​ကား နတ်​ဘု​ရား​ဖြစ်​သည်​ဟု ဆို​ကြ၏။ ထို​အ​ရပ်​နှင့် မ​နီး​မ​ဝေး ပု​ဗ​လိ​အ​မည်​ရှိ​သော ကျွန်း​သူ​ကြီး၏ နေ​ရာ​ရှိ၏။ ထို​သူ​ကြီး​သည် ငါ​တို့​ကို​လက်​ခံ၍၊ သုံး​ရက်​ပတ်​လုံး ကောင်း​မွန်​စွာ လုပ်​ကျွေး​ပြု​စု​လေ၏။- ပု​ဗ​လိ​မင်း၏​အ​ဘ​သည် ဖျား​နာ​နှင့် ဝမ်း​ကျ​သွေး​သွန်​နာ​စွဲ၍၊ တုံး​လုံး​နေ​သည်​ကို ပေါ​လု​ဝင်၍ ဆု​တောင်း​ပြီး​မှ၊ သူ့​အ​ပေါ်၌ လက်​တင်၍ အ​နာ​ကို​ငြိမ်း​စေ၏။- ဤ​သို့​ပြု​သော​ကြောင့်၊ ထို​ကျွန်း၌ အ​နာ​ရော​ဂါ​စွဲ​သော အ​ခြား​သူ​ရှိ​သ​မျှ​တို့​သည် လာ၍ ချမ်း​သာ​ခြင်း​ကို ရ​ကြ၏။- ထို​သူ​တို့​သည် များ​စွာ​သော လက်​ဆောင်​တို့​ကို ပေး၍၊ ငါ​တို့​သည် လွှင့်​ပြန်​သော​အ​ခါ၊ ရိ​က္ခာ​များ​ကို​လည်း သင်္ဘော​ပေါ်​သို့ တင်​ကြ၏။