YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 27:33-44

တမန်တော် 27:33-44 JBMLE

မိုး​လင်း​လု​သော​အ​ခါ အ​စာ​ကို​စား​စေ​ခြင်း​ငှာ ပေါ​လု​သည် လူ​အ​ပေါင်း​တို့​ကို​တိုက်​တွန်း​လျက်၊ သင်​တို့​သည် တစ်​ဆယ်​လေး​ရက်​ပတ်​လုံး မျှော်​လင့်၍ ယ​နေ့​တိုင်​အောင် အ​စာ​မ​စား​ဘဲ ငတ်​မွတ်​လျက်​နေ​ကြ၏။- ထို​ကြောင့် အ​စာ​စား​ကြ​လော့။ စား​လျှင် ချမ်း​သာ​ရ​ခြင်း​အ​ကြောင်း ဖြစ်​လိမ့်​မည်။- သင်​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​ပျက်​စီး​ရ​ဟု​ဆို​ပြီး​လျှင်၊ ပေါ​လု​သည် မုန့်​ကို​ယူ၍ ထို​သူ​များ​ရှေ့၌ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ စား​လေ၏။- ထို​သူ​အ​ပေါင်း​တို့​သည်​လည်း စိတ်​သက်​သာ​ခြင်း​ရှိ၍ အ​စာ​ကို စား​ကြ၏။- ထို​သင်္ဘော၌ ပါ​သော​သူ​များ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် နှစ်​ရာ​ခု​နစ်​ကျိပ်​ခြောက်​ယောက် ရှိ​သ​တည်း။- ဝ​စွာ​စား​ပြီး​မှ ဆန်​စ​ပါး​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ၍ သင်္ဘော​ကို ပေါ့​စေ​ကြ၏။ မိုး​လင်း​သော​အ​ခါ ထို​အ​ရပ်​ကို မ​သိ​သော်​လည်း၊ ထောင့်​ကွေ့​တစ်​ခု၌ သင်္ဘော​ဆိပ်​ရှိ​သည်​ကို မြင်​သော​ကြောင့်၊ သင်္ဘော​ကို အ​ထဲ​သို့​သွင်း​နိုင်​လျှင် သွင်း​မည်​ဟု အ​ကြံ​ရှိ​ကြ၏။- ကျောက်​ဆူး​တို့​ကို လွှတ်၍ ပင်​လယ်​ထဲ​သို့ ချ​လိုက်​ပြီး​မှ တက်​မ​တို့​ကို ဆိုင်း​သော​ကြိုး​များ​ကို ဖြည်၍၊ ရွက်​ကို​လေ၌ ဖြန့်​ဖွင့်​လျက် ကမ်း​နား​သို့ တိုက်​သွား​ကြ၏။- ရေ​ဆိုင်​ရာ​သို့​ရောက်​လျှင်၊ သင်္ဘော​ကို သောင်​ပေါ်​မှာ တင်​စေ၍ ဦး​မ​လှုပ်​ဘဲ​နေ​သ​ဖြင့် ပဲ့​ကို​လှိုင်း​တံ​ပိုး ရိုက်​သော​ကြောင့် ကျိုး၏။- ထို​အ​ခါ အ​ကျဉ်း​ခံ​သော​သူ​တို့​သည် ကုန်း​သို့​ကူး၍ ပြေး​မည်​ကို စိုး​ရိမ်​သော​ကြောင့် စစ်​သူ​ရဲ​တို့​သည် သတ်​မည်​ဟု​အ​ကြံ​ရှိ​ကြ၏။- တပ်​မှူး​သည်​ပေါ​လု​ကို ချမ်း​သာ​စေ​ခြင်း​ငှာ အ​လို​ရှိ​သ​ဖြင့်၊ စစ်​သူ​ရဲ​တို့၏​အ​ကြံ​ကို​မြစ်​တား၍၊ ကူး​နိုင်​သော သူ​တို့​သည် အ​ရင်​ဆင်း၍ ကုန်း​သို့ သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ကြွင်း​သော​သူ​တို့​သည် ပျဉ်​ပြား​မှ​စ၍ သင်္ဘော​တန်​ဆာ​များ​ကို စီး​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​လေ၏။ ထို​သို့ လူ​အ​ပေါင်း​တို့​သည် ဘေး​နှင့် လွတ်၍ ကုန်း​ပေါ်​သို့ ရောက်​ကြ၏။