YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 26:1-23

တမန်တော် 26:1-23 JBMLE

ထို​အ​ခါ အ​ဂြိ​ပ္ပ​မင်း​က၊ သင်​သည်​ကိုယ်​အ​ဖို့​အ​လို​ငှာ ပြော​ရ​သော​အ​ခွင့်​ရှိ​သည်​ဟု ပေါ​လု​အား​ဆို​လျှင်၊ ပေါ​လု​သည် လက်​ကို​ဆန့်၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ဤ​သို့​ပြော၏။- အ​ဂြိ​ပ္ပ​မင်း​ကြီး၊- ယု​ဒ​လူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှု​လုပ်​သ​မျှ​သော​အ​ရာ​မှာ၊ ရှေ့​တော်၌ အ​ပြစ်​ဖြေ​စ​ရာ​စ​ကား​ကို ယ​နေ့​ပြော​ရ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က ကိုယ်​တော်​သည် ယု​ဒ​ထုံး​တမ်း၊ ပု​စ္ဆာ​အ​မေး​များ​ကို လေ့​ကျက်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​ထောက်၍ ကိုယ်၌​မင်္ဂ​လာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​မှတ်​ပါ၏။ ထို​ကြောင့် သည်း​ခံ​သော စိတ်​တော်​နှင့် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ပါ၏။ ယေ​ရု​ရှ​လင်​မြို့​တွင် ကိုယ်​အ​မျိုး​သား​ချင်း​တို့၏​အ​ထဲ၌ အ​ကျွန်ုပ်​နေ​သ​ဖြင့်၊ ငယ်​သော​အ​သက်​အ​ရွယ်​မှ​စ၍၊ အ​ကျွန်ုပ်၏​အ​နေ အ​ထိုင်​အ​ပြု​အ​မူ​များ​ကို ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​ကြ​ပါ၏။- အ​ကျွန်ုပ်​သည် ယု​ဒ​ဘာ​သာ၌ အ​လွန်​ကျပ်​တည်း​စွာ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ၍၊ ဖာ​ရိ​ရှဲ​ဖြစ်​သည်​ကို ထို​သူ​တို့​သည် သက်​သေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင် ရှေ့​ဦး​စွာ​က​ပင် သိ​ကြ​ပါ၏။- ဘု​ရား​သ​ခင်​သည် ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​ကို​ထောက်၍ မျှော်​လင့်​ခြင်း တ​ရား​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် ယ​ခု​တွင် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ပါ၏။- ယု​ဒ​လူ​တစ်​ဆယ်​နှစ်​မျိုး​တို့​သည် နေ့​ည​မ​ပြတ် ကြိုး​စား၍ ဘု​ရား​ဝတ်ကို​ပြု​သ​ဖြင့်၊ ထို​က​တိ​တော်​အ​တိုင်း ခံ​ရ​မည်​ဟု မျှော်​လင့်​ခြင်း​ရှိ​ကြ၏။ အို​အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ထို​မျှော်​လင့်​ခြင်း​တ​ရား​ကို အ​ကြောင်း​ပြု၍ ယု​ဒ​လူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှု​လုပ်​ကြ​ပါ၏။- သေ​လွန်​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​မည်​ဟူ​သော အ​ယူ​ကို​မ​ယူ​အပ်​ဟု သင်​တို့​သည် အ​ဘယ်​ကြောင့် ထင်​ကြ​ပါ​သ​နည်း။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု၏ နာ​မ​တော်​နှင့် ဆန့်​ကျင်​သော အ​မှု​များ​ကို ပြု​ကောင်း၏​ဟု အ​ကျွန်ုပ်​သည် စိတ်​ထင်​လျက်၊- ယေ​ရု​ရှ​လင်​မြို့၌ ထို​အ​မှု​ကို ပြု​မိ​ပါ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ အ​ခွင့်​ရ​ပြီး​လျှင်၊ သန့်​ရှင်း​သူ​အ​များ​တို့​ကို ထောင်​ထဲ​မှာ လှောင်​ထား​ပါ၏။ သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ အ​ကျွန်ုပ်​သည် ဝန်​ခံ​ပါ၏။- ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို နှုတ်​ဖြင့် ပြစ်​မှား​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​သည် အ​နိုင်​အ​ထက်​ပြု၍၊ ခပ်​သိမ်း​သော​တ​ရား​ဇ​ရပ်​တို့၌ ကြိမ်​ဖန်​များ​စွာ ဒဏ်​ပေး​ပါ၏။ ပြင်း​စွာ​သော အ​မျက်​ဒေါ​သ​နှင့် ယစ်​မူး​သ​ဖြင့်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​တိုင်​အောင် သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ပါ၏။ ထို​သို့​ပြု၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ပေး​သော အ​ခွင့်​အ​ရာ​နှင့် အ​ကျွန်ုပ်​သည် ဒ​မာ​သက်​မြို့​သို့ သွား​စဉ်​တွင်၊- နေ၏​အ​ရောင်​ထက်​မ​က​သော အ​လင်း​သည် အ​ကျွန်ုပ်​မှ​စ၍ အ​ကျွန်ုပ်​နှင့်​အ​တူ သွား​သော​သူ​များ ပတ်​လည်၌ ကောင်း​ကင်​ထဲ​က ထွန်း​တောက်​သည်​ကို၊ မွန်း​တည့်​အ​ချိန်​တွင် လမ်း​ထဲ​မှာ အ​ကျွန်ုပ်​မြင်​ရ​ပါ​သည်။ အ​ရှင်​မင်း​ကြီး။- အ​ကျွန်ုပ်​နှင့် ထို​သူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်​မှာ လဲ၍​နေ​ကြ​စဉ်၊ ရှော​လု၊ ရှော​လု၊ ငါ့​ကို​အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို ခြေ​နှင့် ကျောက်​လျှင် ခက်​လှ​သည်​ဟု ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သော စ​ကား​သံ​ကို အ​ကျွန်ုပ်​ကြား​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု အ​ကျွန်ုပ်​မေး​လျှောက်​သော်၊ ငါ​ကား၊ သင်​ညှဉ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ဖြစ်​သ​တည်း။- သို့​သော်​လည်း၊ ထ၍​မတ်​တတ်​နေ​လော့။- ငါ​သည်​ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​မှ သင့်​ကို​ကယ်​လွှတ်၍၊- သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။ အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကောင်း​ကင်​က​ဖြစ်​သော ထို​ဗျာ​ဒိတ်​တော်​ကို အ​ကျွန်ုပ်​သည် နား​မ​ထောင်​ဘဲ မ​နေ​ရ​ပါ။- လူ​တို့​သည် နောင်​တ​ရ​ရ​မည်။ နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော အ​ကျင့်​ကို ကျင့်​ရ​မည်။ ဘု​ရား​သ​ခင် အ​ထံ​တော်​သို့ ပြောင်း​လဲ​ရ​မည်​ဟူ၍ ဒ​မာ​သက်​မြို့၌ ရှေ့​ဦး​စွာ ဟော​ပြော​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌​နေ​သော သူ​တို့​အား​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​ပါ၏။- ထို​အ​ကြောင်း​များ​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ အ​ကျွန်ုပ်​ကို​ဖမ်း​ဆီး၍ ကွပ်​မျက်​ခြင်း​ငှာ အား​ထုတ်​ကြ​ပါ၏။- သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊- ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။

​တမန်တော် 26:1-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။