ထိုအခါ အဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဖို့အလိုငှာ ပြောရသောအခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။- အဂြိပ္ပမင်းကြီး၊- ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌ အပြစ်ဖြေစရာစကားကို ယနေ့ပြောရမည် အကြောင်းကိုလည်းကောင်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကို လေ့ကျက်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ထောက်၍ ကိုယ်၌မင်္ဂလာရှိသည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့် သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။ ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့၏အထဲ၌ အကျွန်ုပ်နေသဖြင့်၊ ငယ်သောအသက်အရွယ်မှစ၍၊ အကျွန်ုပ်၏အနေ အထိုင်အပြုအမူများကို ယုဒလူအပေါင်းတို့သည် သိကြပါ၏။- အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှာ အလိုရှိလျှင် ရှေ့ဦးစွာကပင် သိကြပါ၏။- ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ကတိတော်ကိုထောက်၍ မျှော်လင့်ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။- ယုဒလူတစ်ဆယ်နှစ်မျိုးတို့သည် နေ့ညမပြတ် ကြိုးစား၍ ဘုရားဝတ်ကိုပြုသဖြင့်၊ ထိုကတိတော်အတိုင်း ခံရမည်ဟု မျှော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမျှော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။- သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက်စေတော်မူမည်ဟူသော အယူကိုမယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။ နာဇရက်မြို့သား ယေရှု၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက်၊- ယေရုရှလင်မြို့၌ ထိုအမှုကို ပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူအများတို့ကို ထောင်ထဲမှာ လှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။- ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှာ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသောတရားဇရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တစ်ကျွန်းတစ်နိုင်ငံတိုင်အောင် သူတို့ကို ညှဉ်းဆဲနှိပ်စက်ပါ၏။ ထိုသို့ပြု၍ ယဇ်ပုရောဟိတ်အကြီးတို့ပေးသော အခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ်တွင်၊- နေ၏အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည်၌ ကောင်းကင်ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့်အချိန်တွင် လမ်းထဲမှာ အကျွန်ုပ်မြင်ရပါသည်။ အရှင်မင်းကြီး။- အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာ လဲ၍နေကြစဉ်၊ ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့် ညှဉ်းဆဲသနည်း။ တုတ်ချွန်ကို ခြေနှင့် ကျောက်လျှင် ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသော စကားသံကို အကျွန်ုပ်ကြားလျှင်၊- သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ်မေးလျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။- သို့သော်လည်း၊ ထ၍မတ်တတ်နေလော့။- ငါသည်ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့လက်မှ သင့်ကိုကယ်လွှတ်၍၊- သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတ္တံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှာ ငါသည်သင့်အား ထင်ရှား၏။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကိုယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကို ဖွင့်စေခြင်းငှာ သူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။ အို အဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။- လူတို့သည် နောင်တရရမည်။ နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသော သူတို့အားလည်းကောင်း၊ တစ်ပါးအမျိုးသားတို့အားလည်းကောင်း၊ ဟောပြောပါ၏။- ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဖမ်းဆီး၍ ကွပ်မျက်ခြင်းငှာ အားထုတ်ကြပါ၏။- သို့ရာတွင် ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊- ယခုတိုင်အောင် ရှိနေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကို ခံရမည်ဟူ၍လည်းကောင်း၊ သေခြင်းမှ အဦးဆုံးထမြောက်၍ ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍လည်းကောင်း၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍ နေပါသည်ဟု လျှောက်လေ၏။
တမန်တော် 26 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 26:1-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ