YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 22:22-29

တမန်တော် 22:22-29 JBMLE

ထို​မျှ​တိုင်​အောင် ပေါ​လု၏​စ​ကား​ကို နား​ထောင်​ပြီး​လျှင်၊ ထို​သူ​တို့​သည်​အော်​ဟစ်၍၊ ထို​သို့​သော​သူ​ကို မြေ​ကြီး​ပြင်​မှ သုတ်​သင်​ပယ်​ရှင်း​လော့။ သူ​သည် အ​သက်​မ​ရှင်​သင့်​ဟု ဆို​ကြ၏။- ထို​သို့​အော်​ဟစ်​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ချွတ်​ခြင်း၊ မြေ​မှုန့်​ကို မိုး​ကောင်း​ကင်​သို့ ပစ်​လိုက်​ခြင်း​ကို ပြု​ကြ​စဉ်​တွင်၊- ပေါ​လု​ကို အ​ဘယ်​ကြောင့် ထို​သို့​အော်​ဟစ်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် သိ​လို၍၊ ပေါ​လု​ကို ရဲ​တိုက်​ထဲ​သို့​သွင်း​စေ။ ရိုက်၍ စစ်​ကြော​စေ​ဟု စီ​ရင်​လေ၏။- သား​ရေ​ကြိုး​နှင့် ဆွဲ​တင်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ရော​မ​လူ​ဖြစ်​သော​သူ​ကို ဓ​မ္မ​သတ်​အ​တိုင်း မ​စီ​ရင်​ဘဲ​လျက်၊ သင်​တို့​သည် ရိုက်​ရ​သ​လော​ဟု အ​နား၌​ရပ်​နေ​သော တပ်​မှူး​အား​ဆို၏။- တပ်​မှူး​သည်​ကြား​လျှင် စစ်​သူ​ကြီး​ထံ​သို့​သွား၍၊ အ​ဘယ်​သို့​ပြု​မည်​ကို သ​တိ​ထား​ပါ​လော့။ ဤ​သူ​သည် ရော​မ​လူ​ဖြစ်​ပါ​သည်​ဟု ကြား​လျှောက်၏။- စစ်​သူ​ကြီး​သည်​လည်း၊ ပေါ​လု​ထံ​သို့​လာ၍၊ သင်​သည်​ရော​မ​လူ​မှန်​သ​လော၊ ငါ့​အား ပြော​လော့​ဟု​ဆို​လျှင်၊ မှန်​ပါ​သည်​ဟု ပေါ​လုပြော​ဆို၏။- စစ်​သူ​ကြီး​က​လည်း၊ အ​ကျွန်ုပ်​သည် ငွေ​အ​များ​ကို​ပေး၍ ရော​မ​လူ၏ အ​ရိပ်​အ​ရာ​ကို​ရ​သည်​ဟု​ဆို​လျှင်၊ ပေါ​လု​က၊ အ​ကျွန်ုပ်​သည် ဇာ​တိ​အား​ဖြင့် ရ​ပါ​သည်​ဟု ဆို၏။- ထို​အ​ခါ စစ်​ကြော​မည်​ပြု​သော​သူ​တို့​သည် ပေါ​လု​ထံ​မှ​ချက်​ချင်း​သွား၍၊ သူ​သည်​ရော​မ​လူ ဖြစ်​သည်​ကို​လည်း​ကောင်း၊ ရော​မ​လူ​ကို ချည်​နှောင်​မိ​သည်​ကို​လည်း​ကောင်း၊ စစ်​သူ​ကြီး​သိ​လျှင် ကြောက်​ခြင်း​သို့​ရောက်​လေ၏။