YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 22:1-21

တမန်တော် 22:1-21 JBMLE

ညီ​အစ်​ကို၊ အ​ဘ​တို့၊ အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ဖြေ​ရာ စ​ကား​ကို သင်​တို့​ရှေ့​မှာ ယ​ခု​ပြော​စဉ်​တွင် နား​ထောင်​ကြ​ပါ​ဟု ဆို​လေ​သော်၊- ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သည်​ကို ထို​သူ​တို့​သည် ကြား​လျှင် သာ၍ အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ ဤ​မြို့​မှာ​လည်း၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော ဆ​ရာ၏​ခြေ​ရင်း၌ ကျွေး​မွေး​ခြင်း​ကို​ခံ၍ မိ​စဉ်​ဘ​ဆက်​ကျင့်​သော တ​ရား​ကို သေ​ချာ​စွာ​သိ​နား​လည်​ခြင်း​ငှာ နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ပါ​ပြီ။ သင်​တို့ ရှိ​သ​မျှ​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း စိတ်​အား​ကြီး​သ​ဖြင့်၊- ယောက်ျား​မိန်း​မ​တို့​ကို ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား​လျက် အ​သေ​သတ်​ခြင်း​သို့ တိုင်​အောင်၊ ထို​ဘာ​သာ​ကို​ညှဉ်း​ဆဲ​ပါ​ပြီ။- ထို​ကဲ့​သို့​ပင် ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ လူ​အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ဘက်​၌ သက်​သေ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​ထံ​မှ​လည်း အ​ကျွန်ုပ်​သည် ညီ​အစ်​ကို​တို့​ထံ​သို့ မှာ​စာ​ကို​ခံ​ပြီး​မှ၊ ဒ​မာ​သက်​မြို့၌​ရှိ​သော ထို​ဘာ​သာ​ဝင်​သူ​တို့​ကို ဒဏ်​ခံ​စေ​ခြင်း​ငှာ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​မည်​ဟု ဒ​မာ​သက်​မြို့​သို့ အ​ကျွန်ုပ်​သွား​ပါ၏။ လမ်း၌​သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မွန်း​တည့်​အ​ချိန်​တွင် ကောင်း​ကင်​ထဲ​က ကြီး​သော​အ​လင်း​သည် အ​ကျွန်ုပ် ပတ်​လည်၌ ရုတ်​ခ​နဲ ထွန်း​တောက်​ပါ၏။- အ​ကျွန်ုပ်​သည် မြေ​ပေါ်​မှာ​လဲ၍ နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့်​ငါ့​ကို ညှဉ်း​ဆဲ​သ​နည်း​ဟု အ​ကျွန်ုပ်​အား ပြော​သော​စ​ကား​သံ​ကို​ကြား​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု အ​ကျွန်ုပ်​ပြန်၍ မေး​လျှောက်​သော်၊ ငါ​ကား၊ သင်​ညှဥ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ် သ​တည်း​ဟု မိန့်​တော်​မူ၏။- အ​ကျွန်ုပ်​နှင့်​ပါ​သော​သူ​တို့​သည် ထို​အ​လင်း​ကို​မြင်၍ ကြောက်​ရွံ့​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​ကျွန်ုပ်​အား​ပြော​သော​သူ၏ စ​ကား​သံ​ကို မ​ကြား​မ​သိ​ရ​ကြ။- ထို​အ​ခါ အ​ကျွန်ုပ်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု လျှောက်​လျှင်၊ သ​ခင်​ဘု​ရား​က၊ ထ​လော့။ ဒ​မာ​သက်​မြို့​သို့​သွား​လော့။ သင်​ဆောင်​ရွက်​စ​ရာ​ဖို့ ခွဲ​ခန့်​စီ​မံ​သ​မျှ​တို့​ကို ထို​မြို့၌ ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။- ထို​အ​လင်း၏​ရောင်​ခြည်​အ​ရှိန်​အား​ဖြင့် အ​ကျွန်ုပ်​သည် မျက်​စိ​ကန်း​သော​ကြောင့်၊ အ​ကျွန်ုပ်​နှင့် ပါ​သော​သူ​တို့၏ လက်​ဆွဲ​ခြင်း​ကို​ခံ​ရ၍ ဒ​မာ​သက်​မြို့​သို့ ရောက်​ပါ၏။ ထို​အ​ခါ ပ​ညတ်​တ​ရား​နှင့်​အ​ညီ ဘု​ရား​ဝတ်၌​မွေ့​လျော်​သော​သူ​ဖြစ်၍၊ ထို​မြို့​မှာ​နေ​သော​ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ အာ​န​နိ​သည်၊- အ​ကျွန်ုပ်​ဆီ​သို့​လာ၍ အ​နား၌​ရပ်​လျက်၊ ညီ​ရှော​လု၊ တစ်​ဖန်​မျက်​စိ​မြင်​ခြင်း​သို့ ရောက်​လော့​ဟု​ဆို၏။ ထို​ခ​ဏ၌ အ​ကျွန်ုပ်​သည် သူ့​ကို​ကြည့်​ရှု၍​မြင်​ရ၏။- သူ​က​လည်း၊ သင်​သည်​မြင်​လေ​သ​မျှ၊ ကြား​လေ​သ​မျှ​တို့​ကို လူ​အ​ပေါင်း​တို့​အား​ပြော၍ သ​ခင်​ဘု​ရား၏ သက်​သေ​ခံ​ဖြစ်​ရ​မည် အ​ကြောင်း၊- သင်​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​ကို​မြင်၍ နှုတ်​တော်​ထွက်​ကို ကြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် သင့်​ကို ခန့်​ထား​တော်​မူ၏။- ယ​ခု​လည်း သင်​သည် အ​ဘယ်​ကြောင့် ဆိုင်း​လင့်၍ နေ​သ​နည်း။ ထ​လော့။ သ​ခင်​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​လျက် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ သင်၏​အ​ပြစ်​များ​ကို ဆေး​ကြော​လော့​ဟု ဆို​ပါ၏။ ထို​နောက်​မှ အ​ကျွန်ုပ်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်၍၊ ဗိ​မာန်​တော်၌ ဆု​တောင်း​စဉ် ဘ​ဝင်​ကျ​၍ သ​ခင်​ဘု​ရား​က၊ သင်​သည်​ကြိုး​စား၍ ယေ​ရု​ရှ​လင်​မြို့​မှ အ​လျင်​အ​မြန် ထွက်​သွား​လော့။ ငါ၏​အ​ကြောင်း​ကို သင်​သည်​ပြော၍ သက်​သေ​ခံ​သော စ​ကား​ကို ဤ​လူ​တို့​သည် မ​ခံ​ဘဲ​နေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်​ရှိ​သည်​ကို အ​ကျွန်ုပ်​မြင်​လေ၏။- အ​ကျွန်ုပ်​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​ကို အ​ကျွန်ုပ်​ထောင်​ထဲ၌ လှောင်​ထား၍၊ တ​ရား​ဇ​ရပ်​များ၌ ရိုက်​သည်​အ​ကြောင်း​ကို သူ​တို့​သိ​ကြ​ပါ၏။- ကိုယ်​တော်၏ သက်​သေ​ခံ​ဖြစ်​သော သ​တေ​ဖန်၏ အ​သွေး​ကို သွန်း​သော​အ​ခါ အ​ကျွန်ုပ်​သည် အ​နား၌​နေ​လျက်၊ ကွပ်​မျက်​ခြင်း​အ​မှု​ကို ဝန်​ခံ၍၊ ကွပ်​မျက်​သော သူ​တို့၏​အ​ဝတ်​ကို စောင့်​နေ​ပါ၏​ဟု၊- လျှောက်​ဆို​လျှင်၊ သ​ခင်​ဘု​ရား​က၊ သွား​လော့။ ငါ​သည်​တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို​ဝေး​လှ​စွာ စေ​လွှတ်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်​ဟု ပေါ​လု မြွက်​ဆို၏။