YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 2:1-17

တမန်တော် 2:1-17 JBMLE

ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​ရောက်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​သည် တ​ညီ​တ​ညွတ်​တည်း စည်း​ဝေး၍​နေ​ကြ၏။- ထို​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​သော​အ​သံ​သည် တစ်​ခ​ဏ​ချင်း​တွင် ကောင်း​ကင်​မှ​လာ၍၊ ထို​သူ​တို့ နေ​ထိုင်​သော​အိမ်​ကို ဖြည့်​လေ၏။- ထို​ခ​ဏ​ချင်း​တွင် ကွဲ​ပြား​သော​လျှာ​တို့​သည် မီး​လျှာ​ကဲ့​သို့​ထင်​ရှား၍၊ ထို​သူ​အ​သီး​အ​သီး​တို့​အ​ပေါ်၌ တည်​နေ​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်၍၊ ဝိ​ညာဉ်​တော်​သည် ဟော​ပြော​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည်​အ​တိုင်း အ​မျိုး​မျိုး​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ဟော​ပြော​ကြ၏။ ထို​ကာ​လ​အ​ခါ၊ ကောင်း​ကင်​အောက်​တွင် ရှိ​လေ​သ​မျှ​သော​လူ​မျိုး​ထဲ​က ဘု​ရား​ကို​ရို​သေ​သော ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ တည်း​နေ​ကြ​သ​တည်း။- ထို​အ​သံ​ကို​ကြား​ရ​သော​အ​ခါ၊ လူ​များ​တို့​သည်​စု​ဝေး​လာ​ကြ​လျှင်၊ အ​သီး​သီး​အ​ခြား​ခြား​သော မိ​မိ​တို့ ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ဟော​ပြော​သည်​ကို ကြား​ရ၍ မှိုင်​တွေ​လျက်​ရှိ​နေ​ကြ၏။- ထို​လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ ယ​ခု​ဟော​ပြော​သော​သူ​အ​ပေါင်း​တို့​သည် ဂါ​လိ​လဲ​လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။- သို့​ဟုတ်​လျှင် ငါ​တို့​သည် အ​သီး​အ​သီး​မွေး​ဖွား​ရာ​ဌာ​န၏ ဘာ​သာ​စ​ကား​များ​ကို ကြား​ရ​သည်​ကား အ​ဘယ်​သို့​နည်း။- ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊- ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော​သူ၊ ကု​ရေ​နေ​မြို့​နှင့်​စပ်​သော လိ​ဗု​ကျေး​လက်၌ နေ​သော​သူ၊ ရော​မ​မြို့​မှ​လာ​သော ဧည့်​သည်​များ၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဘာ​သာ​ဝင်​ဖြစ်​စေ၊- က​ရေ​တေ​ပြည်​သား၊ အာ​ရပ်​ပြည်​သား၊ အ​သီး​အ​သီး​ဖြစ်​ကြ​သော​ငါ​တို့​အား ဤ​သူ​များ​သည် ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​အ​မျိုး​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို ကြား​ရ​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။- ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေး​တော​သော​စိတ် ရှိ​သည်​နှင့်၊ ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​သို့​သော အ​မှု​အ​ရာ​ဖြစ်​သ​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။- လူ​အ​ချို့​တို့​က၊ ဤ​သူ​တို့​သည် ချို​သော​စ​ပျစ်​ရည်​နှင့် ပြည့်​ဝ​သည်​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ၏။ ထို​အ​ခါ တစ်​ကျိပ်​တစ်​ပါး​သော တ​မန်​တော်​တို့​နှင့်​တ​ကွ ပေ​တ​ရု​သည်​ထ​လျက်၊ ထို​သူ​တို့​ကို ကျယ်​သော​အ​သံ​နှင့် ဟော​ပြော​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့် ယု​ဒ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည် ဤ​အ​ရာ​ကို သိ​မှတ်၍ ငါ့​စ​ကား​ကို စေ့​စေ့​နာ​ခံ​ကြ​လော့။- ယ​ခု​အ​ချိန်​ကား နံ​နက်​တစ်​ချက်​တီး​အ​ချိန်​သာ ရှိ​သည်​ဖြစ်၍၊ သင်​တို့​ထင်​သည်​အ​တိုင်း ဤ​သူ​တို့​သည် ယစ်​မူး​ကြ​သည်​မ​ဟုတ်။- ဤ​အ​ရာ​ကား ပ​ရော​ဖက်​ယော​လ​ဟော​ဖူး​သော​အ​ရာ ဖြစ်​သ​တည်း။- ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။