YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 2:1-11

တမန်တော် 2:1-11 JBMLE

ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​ရောက်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​သည် တ​ညီ​တ​ညွတ်​တည်း စည်း​ဝေး၍​နေ​ကြ၏။- ထို​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​သော​အ​သံ​သည် တစ်​ခ​ဏ​ချင်း​တွင် ကောင်း​ကင်​မှ​လာ၍၊ ထို​သူ​တို့ နေ​ထိုင်​သော​အိမ်​ကို ဖြည့်​လေ၏။- ထို​ခ​ဏ​ချင်း​တွင် ကွဲ​ပြား​သော​လျှာ​တို့​သည် မီး​လျှာ​ကဲ့​သို့​ထင်​ရှား၍၊ ထို​သူ​အ​သီး​အ​သီး​တို့​အ​ပေါ်၌ တည်​နေ​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်၍၊ ဝိ​ညာဉ်​တော်​သည် ဟော​ပြော​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည်​အ​တိုင်း အ​မျိုး​မျိုး​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ဟော​ပြော​ကြ၏။ ထို​ကာ​လ​အ​ခါ၊ ကောင်း​ကင်​အောက်​တွင် ရှိ​လေ​သ​မျှ​သော​လူ​မျိုး​ထဲ​က ဘု​ရား​ကို​ရို​သေ​သော ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ တည်း​နေ​ကြ​သ​တည်း။- ထို​အ​သံ​ကို​ကြား​ရ​သော​အ​ခါ၊ လူ​များ​တို့​သည်​စု​ဝေး​လာ​ကြ​လျှင်၊ အ​သီး​သီး​အ​ခြား​ခြား​သော မိ​မိ​တို့ ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ဟော​ပြော​သည်​ကို ကြား​ရ၍ မှိုင်​တွေ​လျက်​ရှိ​နေ​ကြ၏။- ထို​လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ ယ​ခု​ဟော​ပြော​သော​သူ​အ​ပေါင်း​တို့​သည် ဂါ​လိ​လဲ​လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။- သို့​ဟုတ်​လျှင် ငါ​တို့​သည် အ​သီး​အ​သီး​မွေး​ဖွား​ရာ​ဌာ​န၏ ဘာ​သာ​စ​ကား​များ​ကို ကြား​ရ​သည်​ကား အ​ဘယ်​သို့​နည်း။- ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊- ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော​သူ၊ ကု​ရေ​နေ​မြို့​နှင့်​စပ်​သော လိ​ဗု​ကျေး​လက်၌ နေ​သော​သူ၊ ရော​မ​မြို့​မှ​လာ​သော ဧည့်​သည်​များ၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဘာ​သာ​ဝင်​ဖြစ်​စေ၊- က​ရေ​တေ​ပြည်​သား၊ အာ​ရပ်​ပြည်​သား၊ အ​သီး​အ​သီး​ဖြစ်​ကြ​သော​ငါ​တို့​အား ဤ​သူ​များ​သည် ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​အ​မျိုး​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို ကြား​ရ​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။