YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 17:16-25

တမန်တော် 17:16-25 JBMLE

ပေါ​လု​သည် အာ​သင်​မြို့၌ သိ​လ​နှင့် တိ​မော​သေ​တို့​ကို ငံ့​လင့်၍ နေ​စဉ်​တွင်၊ ထို​မြို့​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ​သည်​ကို​မြင်​လျှင် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၏။- ထို​ကြောင့် တ​ရား​ဇ​ရပ်၌ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော သူ​တို့​နှင့်​လည်း​ကောင်း၊ လူ​များ​စု​ဝေး​ရာ​အ​ရပ်၌ နေ့​တိုင်း​တွေ့​ကြုံ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆွေး​နွေး​နှီး​နှော​ခြင်း​ကို ပြု၏။- ထို​အ​ခါ ဧ​ပိ​ကု​ရု​တ​ပည့်​တို့​နှင့် သ​တော​အိတ် ပ​ညာ​ရှိ​အ​ချို့​တို့​သည် ပေါ​လု​နှင့် ဆိုင်​ပြိုင်၍၊ အ​ချို့​က၊ ဤ​မ​ရေ​ရာ​သော​လူ​သည် အ​ဘယ်​သို့​ပြော​ချင်​သ​နည်း​ဟု ဆို၏။ အ​ချို့​က​လည်း၊ ဤ​သူ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ နတ်​ဘု​ရား​တို့၏ အ​ကြောင်း​ကို ဟော​ပြော​သော​သူ ဖြစ်​ဟန်​ရှိ​သည်​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ပေါ​လု​သည် ယေ​ရှု၏​တ​ရား​နှင့် ထ​မြောက်​ခြင်း တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သ​တည်း။- ထို​အ​ခါ၊ ထို​သူ​တို့​သည် ပေါ​လု​ကို​ခေါ်၍ အာ​ရေ​တောင်​သို့ ဆောင်​သွား​ပြီး​လျှင်၊ သင်​သည် ဟော​ပြော​သော ဤ​အ​ယူ​ဝါ​ဒ​သစ်​ကို ငါ​တို့ သိ​အပ်​သ​လော။- ငါ​တို့ မ​သိ​မ​ကျွမ်း​ဖူး​သော​အ​ရာ​တို့​ကို သင်​သည် ကြား​ပြော၏။ ထို​အ​ရာ​များ​ကား အ​ဘယ်​သို့ ဆို​လို​သည်​ကို ငါ​တို့​သိ​ချင်​ပါ​သည်​ဟု ဆို​ကြ၏။- အာ​သင်​မြို့​သူ မြို့​သား​အ​ပေါင်း​တို့​နှင့် ဧည့်​သည်​များ​တို့​သည် သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း၊ နား​ထောင်​ခြင်း အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​ဖြင့် ကာ​လ​ကို မ​လွန်​စေ​တတ်​ကြ။ ထို​အ​ခါ ပေါ​လု​သည် အာ​ရေ​တောင်​ပေါ်၌ ရပ်​လျက်၊ အ​ချင်း အာ​သင်​လူ​တို့၊ သင်​တို့​သည် ခပ်​သိမ်း​သော​အ​ရာ​တို့၌ နတ်​ဘု​ရား​တို့​ကို အ​လွန်​ရို​သေ​တတ်​ကြ​သည်​ကို ငါ​မြင်​ပါ၏။- လမ်း၌​သွား၍​သင်​တို့၏ ဘု​ရား​များ​ကို ကြည့်​ရှု​သည်​တွင်၊ ငါ​တို့​မ​သိ​သော ဘု​ရား​သ​ခင်​အ​ဖို့​ဟူ၍ အ​က္ခ​ရာ​တင်​သော ယဇ်​ပ​လ္လင်​တစ်​ခု​ကို တွေ့​ပါ၏။ သင်​တို့​သည် မ​သိ​ဘဲ​လျက် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို ငါ​ဟော​ပြော၏။- လော​က​ဓာတ်​မှ​စ၍ လော​က​ဓာတ်၌ ရှိ​လေ​သ​မျှ​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ဖြစ်၍၊ လူ​တို့​လက်​ဖြင့် လုပ်​သော​ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သူ​တို့​အား ဇီ​ဝ​အ​သက်​နှင့် တ​ကွ ထွက်​သက်​ဝင်​သက်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်၍၊ တစ်​စုံ​တစ်​ခု​ကို အ​လို​တော်​ရှိ​သ​ကဲ့​သို့ လူ​တို့​လက်​ဖြင့် ကျွေး​မွေး​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။