YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 17:1-10

တမန်တော် 17:1-10 JBMLE

ထို​နောက်၊ အံ​ဖိ​ပေါ​လိ​မြို့၊ အာ​ပေါ​လော​နိ​မြို့​ကို​လျှောက်​သွား၍ သက်​သာ​လော​နိတ်​မြို့​သို့ ရောက်​ကြ၏။ ထို​မြို့​မှာ​ယု​ဒ​တ​ရား​ဇ​ရပ်​ရှိ၏။- ပေါ​လု​သည် မိ​မိ​ထုံး​စံ​ရှိ​သည်​အ​တိုင်း ထို​ဇ​ရပ်​သို့ ဝင်၍၊ ဥ​ပုသ်​နေ့​သုံး​ရက်​တွင် ကျမ်း​စာ​ကို​အ​မှီ​ပြု၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​သ​ဖြင့်၊- ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်။ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။ ငါ​ဟော​ပြော​သော​ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟူ​သော​အ​ကြောင်း အ​ရာ​တို့​ကို ရှင်း​လင်း​စွာ​ဖွင့်​ပြ​လေ၏။- ထို​သူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍၊ ပေါ​လု၊ သိ​လ​တို့​နှင့် ပေါင်း​ဖော်​ကြ၏။ ဘု​ရား​ကို ကိုး​ကွယ်​သော ဟေ​လ​သ​လူ အ​ပေါင်း​တို့​နှင့် ထင်​ရှား​သော မိန်း​မ​များ​တို့​လည်း ယုံ​ကြည်​ကြ၏။- ယု​ဒ​လူ​တို့​သည် ဆိုး​ယုတ်​လျှပ်​ပေါ်​သော သူ​အ​ချို့​တို့​ကို​ခေါ်၍ လူ​များ​ကို စု​ဝေး​စေ​ပြီး​လျှင်၊ မြို့၌ အုတ်​အုတ်​သဲ​သဲ ပြု​ကြ၏။ ယာ​သုန်၏ အိမ်​ကို​ဝိုင်း၍ သူ​တို့​ကို လူ​များ​ရှေ့​သို့​ဆွဲ​ထုတ်​ခြင်း​ငှာ ရှာ​ကြ၏။- မ​တွေ့​လျှင်၊ ယာ​သုန်​နှင့် ညီ​အစ်​ကို​အ​ချို့​တို့​ကို မင်း​အ​ရာ​ရှိ​တို့​ထံ​သို့​ဆွဲ​ငင်၍၊ လော​ကီ​နိုင်​ငံ​ကို မှောက်​လှန်​သော ဤ​သူ​တို့​သည် ဤ​အ​ရပ်​တိုင်​အောင် ရောက်​ကြ​ပါ​ပြီ။- ယာ​သုန်​သည်​လည်း သူ​တို့​ကို လက်​ခံ​ပါ​ပြီ။ ထို​သူ​အ​ပေါင်း​တို့​သည် ကဲ​သာ​ဘု​ရင်၏ အ​မိန့်​တော်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ယေ​ရှု​အ​မည်​ရှိ​သော ရှင်​ဘု​ရင်​တစ်​ပါး​ရှိ​သည် ဆို​တတ်​ပါ၏​ဟု ဟစ်​ကြော်​လျက်၊- မင်း​အ​ရာ​ရှိ​မှ​စ၍ စု​ဝေး​သော​သူ​တို့၏​စိတ်​ကို ထို​သို့​သော စ​ကား​အား​ဖြင့် နှောင့်​ယှက်​ကြ၏။- ထို​အ​ခါ ယာ​သုန်​မှ​စ၍ ကြွင်း​သော​သူ​တို့​ကို အာ​မ​ခံ​ပေး​စေ​ပြီး​မှ လွှတ်​လိုက်​ကြ၏။ ည​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့် သိ​လ​ကို ဗေ​ရိ​မြို့​သို့ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ ထို​မြို့​သို့ ရောက်​လျှင် ယု​ဒ​တ​ရား​ဇ​ရပ်​သို့ ဝင်​ကြ၏။