YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 11:1-18

တမန်တော် 11:1-18 JBMLE

တစ်​ပါး​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ​ကြ​သည်​ဟု ယု​ဒ​ပြည်၌​ရှိ​သော တ​မန်​တော်​တို့​နှင့် ညီ​အစ်​ကို​များ​တို့​သည် ကြား​သိ​ကြ၏။- ပေ​တ​ရု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ တက်​လာ​သော​အ​ခါ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့​က၊- သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့် ပေါင်း​ဖော်၍ စား​သောက်​ပါ​သည်​တ​ကား​ဟု ဆန့်​ကျင်​ဘက်​ပြု၍​ဆို​ကြ၏။- ပေ​တ​ရု​သည်​လည်း၊ ထို​အ​ကြောင်း​အ​ရာ​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင် ဖော်​ပြ​သည်​ကား၊- ငါ​သည်​ယု​ပ္ပေ​မြို့၌ ဆု​တောင်း​စဉ် ဘ​ဝင်​ဖြစ်၍၊ ကောင်း​ကင်​မှ လေး​ထောင့်​ဖြင့် ချ​လွှတ်​သော​ခြုံ​ထည်​ကဲ့​သို့​သော တန်​ဆာ​သည် ဆင်း​သက်၍၊ ငါ့​ထံ​သို့ ရောက်​လာ​သည်​ကို ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်၏။- ထို​တန်​ဆာ​ကို စေ့​စေ့​ကြည့်​ရှု​ဆင်​ခြင်​လျှင်၊ သား​ရဲ​မှ​စ၍ မြေ၌ ကျင်​လည်​သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​ကို​မြင်၏။- ထို​အ​ခါ၊ ပေ​တ​ရု၊ ထ၍ သတ်​စား​လော့​ဟု ငါ့​အား​ပြော​သော စ​ကား​သံ​ကို​လည်း ငါ​ကြား၏။- ငါ​က​လည်း မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​သည် အ​ကျွန်ုပ်​ခံ​တွင်း​ထဲ​သို့ တစ်​ရံ​တစ်​ခါ​မျှ​မ​ဝင်​ဖူး​ပါ ဟု​ပြော​ဆို၏။- နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော် မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု ကောင်း​ကင်​ထဲ​က လာ​ပြန်၏။- ထို​သို့ သုံး​ကြိမ်​မြောက်​အောင် ဖြစ်​ပြီး​လျှင်၊ ထို​အ​ရာ​ရှိ​သ​မျှ​တို့​ကို ကောင်း​ကင်​ထဲ​သို့​ဆွဲ​ယူ​ပြန်​လေ၏။- ထို​ခ​ဏ​ချင်း​တွင် ကဲ​သ​ရိ​မြို့​မှ ငါ့​ထံ​သို့​စေ​လွှတ်​သော လူ​သုံး​ယောက်​တို့​သည် ငါ​ရှိ​သော​အိမ်​အ​နား​မှာ ရပ်​နေ​ကြ၏။- ငါ​သည်​တွေး​တော​ခြင်း​မ​ရှိ​ဘဲ ထို​သူ​တို့​နှင့်​အ​တူ သွား​ရ​မည်​အ​ကြောင်း ဝိ​ညာဉ်​တော်​သည် မိန့်​တော်​မူ၏။ ဤ​ညီ​အစ်​ကို ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့် အ​တူ​သွား၍ ထို​သူ၏​အိမ်​သို့ ဝင်​ကြ၏။- ကောင်း​ကင်​တ​မန်​သည် သူ၏​အိမ်၌ ထင်​ရှား​စွာ​ရပ်​လျက်၊ သင်​သည် ယု​ပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်၍ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို ခေါ်​ပင့်​လော့။- ထို​ပေ​တ​ရု​သည် သင်​မှ​စ၍ သင်၏​အိမ်၌ ရှိ​သ​မျှ​သော သူ​တို့​ကို ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​စ​ကား​ကို သင့်​အား​ဟော​ပြော​လိမ့်​မည်​ဟု မြွက်​ဆို​ခဲ့​သော အ​ကြောင်း​အ​ရာ​ကို ထို​သူ​သည် ငါ​တို့​အား​ပြန်​ကြား​လေ၏။- ငါ​သည်​ဟော​ပြော​စ​ပြု​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ရှေ့​ဦး​စွာ ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့ အ​ပေါ်​သို့​လည်း သက်​ရောက်​တော်​မူ၏။- ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို ထို​အ​ခါ ငါ​အောက်​မေ့၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​ငါ​တို့​အား ဘု​ရား​သ​ခင်​သည် ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့​အား​လည်း ပေး​တော်​မူ​သည်​ဖြစ်​သော​ကြောင့်၊ ငါ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်​ကို ဆီး​တား​နိုင်​သ​နည်း​ဟု ပေ​တ​ရု​ဆို၏။- ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ထို​သူ​တို့​သည် ကြား​ရ​လျှင် မ​ငြင်း​ဘဲ​နေ၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​ခြင်း​အ​လို​ငှာ၊ နောင်​တ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း ပေး​တော်​မူ​ပြီ​ဟု ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။