YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 11

11
ပေ​တ​ရု​အ​စီ​ရင်​ခံ​ခြင်း
1တစ်​ပါး​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ​ကြ​သည်​ဟု ယု​ဒ​ပြည်၌​ရှိ​သော တ​မန်​တော်​တို့​နှင့် ညီ​အစ်​ကို​များ​တို့​သည် ကြား​သိ​ကြ၏။- 2ပေ​တ​ရု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ တက်​လာ​သော​အ​ခါ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့​က၊- 3သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့် ပေါင်း​ဖော်၍ စား​သောက်​ပါ​သည်​တ​ကား​ဟု ဆန့်​ကျင်​ဘက်​ပြု၍​ဆို​ကြ၏။- 4ပေ​တ​ရု​သည်​လည်း၊ ထို​အ​ကြောင်း​အ​ရာ​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင် ဖော်​ပြ​သည်​ကား၊- 5ငါ​သည်​ယု​ပ္ပေ​မြို့၌ ဆု​တောင်း​စဉ် ဘ​ဝင်​ဖြစ်၍၊ ကောင်း​ကင်​မှ လေး​ထောင့်​ဖြင့် ချ​လွှတ်​သော​ခြုံ​ထည်​ကဲ့​သို့​သော တန်​ဆာ​သည် ဆင်း​သက်၍၊ ငါ့​ထံ​သို့ ရောက်​လာ​သည်​ကို ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်၏။- 6ထို​တန်​ဆာ​ကို စေ့​စေ့​ကြည့်​ရှု​ဆင်​ခြင်​လျှင်၊ သား​ရဲ​မှ​စ၍ မြေ၌ ကျင်​လည်​သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​ကို​မြင်၏။- 7ထို​အ​ခါ၊ ပေ​တ​ရု၊ ထ၍ သတ်​စား​လော့​ဟု ငါ့​အား​ပြော​သော စ​ကား​သံ​ကို​လည်း ငါ​ကြား၏။- 8ငါ​က​လည်း မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​သည် အ​ကျွန်ုပ်​ခံ​တွင်း​ထဲ​သို့ တစ်​ရံ​တစ်​ခါ​မျှ​မ​ဝင်​ဖူး​ပါ ဟု​ပြော​ဆို၏။- 9နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော် မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု ကောင်း​ကင်​ထဲ​က လာ​ပြန်၏။- 10ထို​သို့ သုံး​ကြိမ်​မြောက်​အောင် ဖြစ်​ပြီး​လျှင်၊ ထို​အ​ရာ​ရှိ​သ​မျှ​တို့​ကို ကောင်း​ကင်​ထဲ​သို့​ဆွဲ​ယူ​ပြန်​လေ၏။- 11ထို​ခ​ဏ​ချင်း​တွင် ကဲ​သ​ရိ​မြို့​မှ ငါ့​ထံ​သို့​စေ​လွှတ်​သော လူ​သုံး​ယောက်​တို့​သည် ငါ​ရှိ​သော​အိမ်​အ​နား​မှာ ရပ်​နေ​ကြ၏။- 12ငါ​သည်​တွေး​တော​ခြင်း​မ​ရှိ​ဘဲ ထို​သူ​တို့​နှင့်​အ​တူ သွား​ရ​မည်​အ​ကြောင်း ဝိ​ညာဉ်​တော်​သည် မိန့်​တော်​မူ၏။ ဤ​ညီ​အစ်​ကို ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့် အ​တူ​သွား၍ ထို​သူ၏​အိမ်​သို့ ဝင်​ကြ၏။- 13ကောင်း​ကင်​တ​မန်​သည် သူ၏​အိမ်၌ ထင်​ရှား​စွာ​ရပ်​လျက်၊ သင်​သည် ယု​ပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်၍ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို ခေါ်​ပင့်​လော့။- 14ထို​ပေ​တ​ရု​သည် သင်​မှ​စ၍ သင်၏​အိမ်၌ ရှိ​သ​မျှ​သော သူ​တို့​ကို ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​စ​ကား​ကို သင့်​အား​ဟော​ပြော​လိမ့်​မည်​ဟု မြွက်​ဆို​ခဲ့​သော အ​ကြောင်း​အ​ရာ​ကို ထို​သူ​သည် ငါ​တို့​အား​ပြန်​ကြား​လေ၏။- 15ငါ​သည်​ဟော​ပြော​စ​ပြု​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ရှေ့​ဦး​စွာ ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့ အ​ပေါ်​သို့​လည်း သက်​ရောက်​တော်​မူ၏။- 16ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို ထို​အ​ခါ ငါ​အောက်​မေ့၏။-#တ၊ ၁:၅။ 17သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​ငါ​တို့​အား ဘု​ရား​သ​ခင်​သည် ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့​အား​လည်း ပေး​တော်​မူ​သည်​ဖြစ်​သော​ကြောင့်၊ ငါ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်​ကို ဆီး​တား​နိုင်​သ​နည်း​ဟု ပေ​တ​ရု​ဆို၏။- 18ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ထို​သူ​တို့​သည် ကြား​ရ​လျှင် မ​ငြင်း​ဘဲ​နေ၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​ခြင်း​အ​လို​ငှာ၊ နောင်​တ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း ပေး​တော်​မူ​ပြီ​ဟု ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။
အ​န္တိ​အုတ်​မြို့​ရှိ​အ​သင်း​တော်
19ထို​မှ​တစ်​ပါး၊ သ​တေ​ဖန်၏​အ​မှု​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​သော​သူ​တို့​သည် ဖိ​နိတ်၊ ကု​ပ​ရု၊ အ​န္တိ​အုတ်​မြို့​များ​သို့ တိုင်​အောင်​သွား၍၊ ယု​ဒ လူ​တို့​အား​သာ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။-#တ၊ ၈:၁-၄။ 20နောက်​မှ ထို​သူ​အ​ချို့​တို့​သည် ကု​ပ​ရု​ပြည်​သား၊ ကု​ရေ​နေ​ပြည်​သား​ဖြစ်၍ အ​န္တိ​အုတ်​သို့​သွား​ပြီး​လျှင်၊ သ​ခင်​ယေ​ရှု၏ အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟေ​လေ​နစ်​လူ​တို့​အား ဟော​ပြော​ကြ၏။- 21သ​ခင်​ဘု​ရား၏ လက်​တော်​သည် ထို​သူ​တို့​နှင့်​တ​ကွ ရှိ​တော်​မူ​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်၍ သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​ကြ၏။
22ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ကြား​လျှင်၊ အ​န္တိ​အုတ်​မြို့​တိုင်​အောင် သွား​စေ​မည်​အ​ကြောင်း ဗာ​န​ဗ​ကို​စေ​လွှတ်​လေ၏။- 23ထို​သူ​သည် ရောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မြင်​လျှင် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍ ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် သ​ခင်​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​မည်​အ​ကြောင်း တိုက်​တွန်း နှိုး​ဆော်​လေ၏။- 24ထို​သူ​သည် သူ​တော်​ကောင်း​ဖြစ်၍၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ ပြည့်​စုံ​သော​အား​ဖြင့်၊ လူ​များ​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ထံ​သို့ ဝင်​စား​ကြ၏။
25ဗာ​န​ဗ​သည်​လည်း ရှော​လု​ကို ရှာ​လျက် တာ​ရှု​မြို့​သို့​သွား၏။ တွေ့​လျှင်​အ​န္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့၏။- 26ထို​သူ​တို့​သည် တစ်​နှစ်​ပတ်​လုံး ထို​အ​သင်း​တော်​နှင့်​အ​တူ စည်း​ဝေး၍၊ လူ​များ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။ တ​ပည့်​တော်​တို့​သည်​လည်း ခ​ရစ်​ယာန်​ဟူ​သော ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို အ​န္တိ​အုတ်​မြို့၌ အ​ဦး​ခံ​ရ​ကြ၏။
27ထို​အ​ခါ၌ ပ​ရော​ဖက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ အ​န္တိ​အုတ်​မြို့​သို့​လာ​ကြ၏။- 28ထို​သူ​တို့​အ​ဝင်၊ အာ​ဂ​ဗု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်​ထ၍၊ မြေ​တစ်​ပြင်​လုံး၌ အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း​ဖြစ်​လ​တ္တံ့​ဟု ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ၏။ ထို​ခေါင်း​ပါး​ခြင်း​သည် ကဲ​သာ​ဘု​ရင် က​လော​ဒိ​လက်​ထက်၌ ဖြစ်​သ​တည်း။-#တ၊ ၂၁:၁၀။ 29ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​အ​သီး တတ်​နိုင်​ကြ​သည်​အ​တိုင်း၊ ယု​ဒ​ပြည်၌​နေ​သော ညီ​အစ်​ကို​တို့​အား အ​ကူ​အ​မ ပေး​လိုက်​မည်​ဟု၊- 30စီ​ရင်​ကြ​သည်​နှင့်​အ​ညီ ဗာ​န​ဗ​နှင့် ရှော​လု​တို့​တွင် သင်း​အုပ်​တို့​ထံ​သို့ ပေး​လိုက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။