YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 10:39-48

တမန်တော် 10:39-48 JBMLE

ငါ​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​တွင်​ပြု​တော်​မူ​သော အ​မှု​များ​တို့၏ သက်​သေ​ခံ​ဖြစ်​ကြ၏။ ထို​သူ​ကို သစ်​တိုင်၌​ဆွဲ၍ ကွပ်​မျက်​ကြ​လေ၏။- သုံး​ရက်​မြောက်​သော​နေ့၌ ဘု​ရား​သ​ခင်​သည် ထ​မြောက်​စေ​တော်​မူ၍၊- လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မ​မူ၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​နှင့်​သော သက်​သေ​ခံ​တည်း​ဟူ​သော ငါ​တို့​အား ထင်​ရှား​စွာ ပြ​တော်​မူ၏။ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စား​သောက်​ရ​ကြ၏။- ထို​သ​ခင်​သည်​လည်း အ​သက်​ရှင်​သော​သူ​တို့​နှင့် သေ​သော​သူ​တို့​ကို တ​ရား​စီ​ရင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် ခန့်​ထား​တော် မူ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ကြ​လော့။ သက်​သေ​ခံ​ကြ​လော့​ဟု ငါ​တို့​အား ပ​ညတ်​ထား​တော်​မူ၏။- ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် နာ​မ​တော်​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟူ၍ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ထို​သ​ခင်၏ သက်​သေ​ခံ​ဖြစ်​ကြ​သည်​ဟု ပေ​တ​ရု​မြွက်​ဆို၏။ ထို​စ​ကား​ကို မြွက်​ဆို​စဉ်၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​ရ​သော သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မူ၏။- တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို သွန်း​လောင်း​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တည်း​ဟူ​သော ပေ​တ​ရု​နှင့် ပါ​သ​မျှ​သော တ​ပည့်​တော်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ​ကြ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​အား​ဖြင့်​ပြော၍၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သည်​ကို ကြား​ကြ​လေ၏။- ထို​အ​ခါ ပေ​တ​ရု​က၊ ငါ​တို့​ကဲ့​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ရ​သော ဤ​သူ​တို့​ကို ဗ​တ္တိ​ဇံ​မ​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် ရေ​ကို မြစ်​တား​နိုင်​သ​နည်း ဟု​ဆို​လျက်၊- သ​ခင်​ဘု​ရား၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​စေ​မည်​အ​ကြောင်း စီ​ရင်​လေ၏။ ထို​နောက်​မှ ပေ​တ​ရု​သည် ကာ​လ​အ​တန်​အ​ရာ နေ​ပါ​မည်​အ​ကြောင်း​ကို ထို​သူ​တို့​သည် တောင်း​ပန်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။