YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 10:1-16

တမန်တော် 10:1-16 JBMLE

ကဲ​သ​ရိ​မြို့၌ ဣ​တ​လိ​တပ်​ဟု ခေါ်​ဝေါ်​သော​တပ်​တွင် လူ​တစ်​ရာ​ကို​အုပ်​ချုပ်​သော တပ်​မှူး​ကော်​နေ​လိ အ​မည်​တွင်​သော သူ​တစ်​ယောက်​ရှိ၏။- ထို​သူ​သည် မိ​မိ​အိမ်​တွင်​ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​ရှိ​သ​ဖြင့် လူ​တို့​အား များ​စွာ​သော စွန့်​ကြဲ​ခြင်း​ကို​ပြု၍ ဘု​ရား​သ​ခင်​ကို အ​စဉ်​ဆု​တောင်း​လေ့​ရှိ၏။- တစ်​နေ့​သ၌ နေ​သုံး​ချက်​တီး​အ​ချိန်​တွင် ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည်၊ ကော်​နေ​လိ​ဟု ခေါ်​လျက် ရောက်​လာ​သည်​ကို ထို​သူ​သည် ထင်​ရှား​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်​ရ၏။- ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​လျှင် ထိတ်​လန့်​ခြင်း​ရှိ​သည် ဖြစ်၍၊ သ​ခင်၊ အ​ဘယ်​အ​ခင်း​ရှိ​ပါ​သ​နည်း​ဟု မေး​သော်၊ ကောင်း​ကင်​တ​မန်​က၊ သင်​ပြု​သော​ဆု​တောင်း​ပ​တ္ထ​နာ​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အောက်​မေ့​စ​ရာ​ဖို့ တက်​ကြ​ပြီ။- ထို​ကြောင့် ယ​ခု​ပင်​ယု​ပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်၍၊ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို​ခေါ်​ပင့်​လော့။- ထို​သူ​သည် သား​ရေ​လုပ်​သ​မား​ရှိ​မုန်၏​အိမ်၌ တည်း​နေ၏။ ထို​အိမ်​သည် ပင်​လယ်​နား​မှာ​ရှိ​သည်​ဟု ပြော​ဆို၏။- ထို​သို့​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သွား​ပြီး​မှ၊ ကော်​နေ​လိ​သည် မိ​မိ​ငယ်​သား​နှစ်​ယောက်​နှင့်​တ​ကွ မိ​မိ​ထံ၌ မ​ပြတ်​ခ​စား​သော​လူ​စု​အ​ဝင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​သော စစ်​သူ​ရဲ​တစ်​ယောက်​ကို​ခေါ်၍၊- ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ကြား​ပြော​ပြီး​မှ ယု​ပ္ပေ​မြို့​သို့ စေ​လွှတ်၏။ နက်​ဖြန်​နေ့၌ ထို​သူ​တို့​သည် သွား၍ ယု​ပ္ပေ​မြို့​အ​နီး​သို့ ရောက်​ကြ​သော​အ​ခါ၊ နှစ်​ချက်​တီး​အ​ချိန်​တွင် ပေ​တ​ရု​သည် ဆု​တောင်း​ခြင်း​ငှာ အိမ်​မိုး​ပေါ်​သို့ တက်​လေ၏။- ဆာ​မွတ်၍ အ​စာ​အာ​ဟာ​ရ​ကို အ​လို​ရှိ​လျှင် သူ​တစ်​ပါး​တို့​သည် အ​စာ​အာ​ဟာ​ရ​ကို ပြင်​ဆင်​ကြ​စဉ်​အ​ခါ ပေ​တ​ရု​သည် ဘ​ဝင်​ဖြစ်​၍​နေ​သ​ဖြင့်၊- ကောင်း​ကင်​ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ ခြုံ​ထည်​ကဲ့​သို့ လေး​ထောင့်​ချုပ်၍ မြေ​သို့​ချ​လွှတ်​သော တန်​ဆာ​သည် မိ​မိ​ဆီ​သို့ ဆင်း​သက်​လာ​သည်​ကို​လည်း​ကောင်း မြင်​လေ၏။- ထို​တန်​ဆာ​ထဲ၌ သား​ရဲ​မှ​စ၍ မြေ၌​ကျင်​လည် သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​သည် ရှိ​ကြ၏။- စ​ကား​အ​သံ​သည်​လည်း၊ ပေ​တ​ရု​ထ၍ သတ်​စား​လော့​ဟု လာ၏။- ပေ​တ​ရု​က​လည်း၊ မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​သည် တစ်​ရံ​တစ်​ခါ​မျှ မ​စား​ဖူး​ပါ​ဟု ပြော​ဆို၏။- နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော်​မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု လာ​ပြန်၏။- ထို​သို့ သုံး​ကြိမ်​မြောက်​အောင်​လာ​ပြီး​လျှင်၊ ထို​တန်​ဆာ​ကို ကောင်း​ကင်​ထဲ​သို့ သိမ်း​ရုပ်​ပြန်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။