YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 1:12-14

တမန်တော် 1:12-14 JBMLE

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​နှင့် ဥ​ပုသ်​နေ့​တစ်​နေ့​ခ​ရီး​သာ​ကွာ၍ သံ​လွင်​အ​မည်​ရှိ​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တ​မန်​တော်​တို့​သည် ပြန်​ကြ၏။- ရောက်​ကြ​လျှင်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ ရှိ​မုန်​ဇေ​လုတ်၊ ယာ​ကုပ်​ညီ ယု​ဒ​တို့​သည် တည်း​နေ​ရာ​အိမ်​အ​ထက်​ခန်း​သို့ တက်​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ယေ​ရှု၏​မယ်​တော်​မာ​ရိ​မှ​စ၍ မိန်း​မ​တို့​နှင့်​လည်း​ကောင်း၊ ညီ​တော်​တို့​နှင့်​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။