YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 4:1-8

၂ တိမောသေ 4:1-8 JBMLE

ကိုယ်​တော်​တိုင်​ပေါ်​ထွန်း၍ နိုင်​ငံ​တော်​ထင်​ရှား​သော​ကာ​လ၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး​သည်​ကား၊- နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟောပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။- အ​ကြောင်း​မူ​ကား၊ နောင်​ကာ​လ၌ လူ​တို့​သည် စင်​ကြယ်​သော​ဩ​ဝါ​ဒ​ကို နား​မ​ခံ​နိုင်​ဘဲ၊ ယား​တတ်​သော နား​ရှိ​လျှင်၊ မိ​မိ​တပ်​မက်​ခြင်း​အ​တိုင်း များ​ပြား​သော ဆ​ရာ​တို့​နောက်​သို့ လိုက်​ကြ​လိမ့်​မည်။- သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ၊ ဒ​ဏ္ဏာ​ရီ​စ​ကား​ကို နား​ထောင်၍ လွဲ​သွား​ကြ​လိမ့်​မည်။- သင်​မူ​ကား၊ အ​ရာ​ရာ၌ သ​မ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့။ သာ​သ​နာ​ပြု​ဆ​ရာ ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​လော့။ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား၍ ပြု​ရ​သော​ဝတ်​များ​ကို အ​ကုန်​အ​စင်​ပြု​လော့။- အ​ကြောင်း​မူ​ကား၊ ငါ့​ကို​ယဇ်​ပေါ်​မှာ လောင်း​ရ​သော အ​ချိန်​ရှိ​ပြီ။ စု​တေရ​သော​အ​ချိန် ရောက်​လေ​ပြီ။- ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရ​သော​လမ်း​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ပြီ။ ယုံ​ကြည် ခြင်း​တ​ရား​ကို စောင့်​ရှောက်​ပြီ။- ယ​ခု​မှ​စ၍ ဓ​မ္မ​သ​ရ​ဖူ​သည် ငါ့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ထို​နေ့​ရက်၌ တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​တည်း​ဟူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ၌​အပ်​ပေး​တော်​မူ​မည်။ ထို​မျှ​မ​က၊ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို တောင့်​တ​သော​သူ​အ​ပေါင်း​တို့၌​လည်း အပ်​ပေး​တော်​မူ​မည်။