YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 2

2
ယေ​ရှု​ခ​ရစ်​၏​စစ်​သူရဲ
1ငါ့​သား၊ သင်​သည် ယေ​ရှု​ခ​ရစ်၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​ခြင်း​ရှိ​လော့။- 2သက်​သေ​ခံ​အ​များ​ရှိ​သည်​နှင့် ငါ့​ထံ၌​ကြား​ရ​ပြီး​သော အ​ရာ​တို့​ကို၊ သ​စ္စာ​နှင့်​ပြည့်​စုံ၍ သူ​တစ်​ပါး​တို့​ကို သွန်​သင်​ခြင်း​ငှာ၊ တတ်​စွမ်း​နိုင်​သော သူ​တို့၌ အပ်​ပေး​လော့။- 3ထို​သို့​အ​လို​ငှာ သင်​သည်၊ ယေ​ရှု​ခ​ရစ်​ထံ၌ ကောင်း​သော​စစ်​သူ​ရဲ​ကဲ့​သို့၊ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့၊- 4စစ်​သူ​ရဲ​မည်​သည်​ကား၊ မိ​မိ​ကို​စစ်​သူ​ရဲ​အ​ရာ၌ ခန့်​ထား​သော​သူ​ကို နှစ်​သက်​စေ​ခြင်း​ငှာ၊ လော​ကီ​မှု ရေး​နှင့်​ပြွမ်း​နှော​ရှုပ်​ထွေး​ခြင်း​ကို ပယ်​ရှား​တတ်၏။- 5ပွဲ၌ လူ​ချင်း​တိုက်​သော​သူ မည်​သည်​ကား၊ ထုံး​တမ်း​အ​တိုင်း​မ​တိုက်​လျှင် ပန်း​ဦး​ရစ်​ကို​မ​ရ။- 6လယ်​လုပ်​သော​သူ​သည်​လည်း အ​ရင်​လုပ်​ပြီး​မှ အ​သီး​အ​နှံ​ကို​ခံ​ရ​မည်။- 7ငါ့​စ​ကား​ကို ဆင်​ခြင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရာ​ရာ​တို့၌ ဉာဏ်​ကို သင့်​အား ပေး​သ​နား​တော်​မူ​ပါ​စေ​သော။
8ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​သော ယေ​ရှု​ခ​ရစ်​သည်၊ ငါ​ဟော​သော ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​ဟု အောက်​မေ့​လော့။- 9ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။- 10ထို​ကြောင့် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည်၊ ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​စိမ့်​သော​ငှာ၊ သူ​တို့​အ​ဖို့ အ​ရာ​ရာ​ကို ငါ​သည်း​ခံ​ရ၏။- 11သ​စ္စာ​စ​ကား​ဟူ​ကား၊ ထို​သ​ခင်​နှင့်​အ​တူ​သေ​လျှင်၊ အ​တူ​ရှင်​လိမ့်​မည်။- 12သည်း​ခံ​လျှင်၊ ထို​သ​ခင်​နှင့်​အ​တူ စိုး​စံ​လိမ့်​မည်။ ထို​သ​ခင်​ကို ငါ​တို့​သည် ငြင်း​ပယ်​လျှင်၊ ငါ​တို့​ကို ငြင်း​ပယ်​တော်​မူ​လိမ့်​မည်။- 13ငါ​တို့​သည် မ​ယုံ​ကြည်​သော်​လည်း၊ ထို​သ​ခင်​သည် သ​စ္စာ​တည်​သ​ဖြင့် ကိုယ်​ကို ငြင်း​ပယ်​တော်​မ​မူ​နိုင်။
ဘု​ရား​သ​ခင်​နှစ်​သက်​သော​လုပ်​သား​ကောင်း
14ဤ​အ​ကြောင်း​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​အား သ​တိ​ပေး​လော့။ အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ပြု​စု၊ ကြား​နာ​သော​သူ​တို့၏ စိတ်​ကို​မှောက်​လှန်​လို​သော​ငှာ၊ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​ခြင်း​ကို မ​ပြု​မည်​အ​ကြောင်း၊ သ​ခင်​ဘု​ရား​ရှေ့၌ သ​စ္စာ​ပေး​လော့။- 15သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။- 16တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး​စ​ကား​ကို ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​စ​ကား​သည် မ​တ​ရား​သော အ​မှု​တို့​ကို ပွား​များ​စေ​လိမ့်​မည်။- 17သူ​တို့၏​စ​ကား​သည် ခူ​နာ​ကဲ့​သို့ စား​လိမ့်​မည်။ ထို​သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက် ပါ​သ​တည်း။- 18သူ​တို့​က သေ​လွန်​သော သူ​တို့​သည် ထ​မြောက်​ကြ​ပြီ​ဟု ပြော​လျက်၊ သ​မ္မာ​တ​ရား​လမ်း​မှ လွဲ​သွား၍ အ​ချို့​သော​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မှောက်​လှန်​တတ်​ကြ၏။- 19သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​ကျွမ်း​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ၀န်​ခံ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​အ​မှု​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ တံ​ဆိပ်​ခတ်​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏ တိုက်​မြစ်​သည် ခိုင်​ခံ့၍​တည်၏။- 20ကြီး​စွာ​သော​အိမ်၌ ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​သာ ရှိ​သည်​မ​ဟုတ်၊ သစ်​သား​တန်​ဆာ၊ မြေ​တန်​ဆာ​ရှိ၏။ အ​သ​ရေ​ရှိ​သော​တန်​ဆာ၊ အ​သ​ရေ​မ​ရှိ​သော တန်​ဆာ​ရှိ၏။- 21သို့​ဖြစ်၍၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​အ​ကျင့်​တို့​ကို ပယ်၍၊ မိ​မိ​ကို စင်​ကြယ်​စေ​သော​သူ မည်​သည်​ကား၊ အ​သ​ရေ​ရှိ​သော​တန်​ဆာ၊ သန့်​ရှင်း၍ အိမ်​ရှင်​သုံး​စ​ရာ ကောင်း​သော​တန်​ဆာ၊ ကောင်း​သော​အ​မှု​များ​အ​ဖို့ အ​လို​ငှာ ပြင်​ဆင်​သော​တန်​ဆာ ဖြစ်​လိမ့်​မည်။
22လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။- 23မိုက်​မဲ၍ ပ​ညာ​ကင်း​သော ပု​စ္ဆာ​အ​မေး​တို့​သည် ရန်​ပွား​စေ​တတ်​သည်​ဟု သိ​မှတ်၍​ပယ်​ရှား​လော့။- 24သ​ခင်​ဘု​ရား၏ ကျွန်​သည် ရန်​မ​တွေ့​ရ။ ခပ်​သိမ်း​သော သူ​တို့​အား ဖြည်း​ညင်း​စွာ ပြု​သော​သူ၊ ဆုံး​မ ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု၌ လိ​မ္မာ​သော​သူ၊ သည်း​ခံ​နိုင်​သော​သူ ဖြစ်​ရ​မည်။- 25ဆီး​တား​ငြင်း​ခုံ​သော​သူ​တို့​ကို နူး​ညံ့​သိမ်​မွေ့​စွာ ဆုံး​မ​ရ​မည်။ သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ၊ နောင်​တ​ကို ဘု​ရား​သ​ခင် ပေး​ကောင်း​ပေး​တော်​မူ၍၊- 26မာရ်​နတ်၏ အ​လို​အ​တိုင်း ဖမ်း​မိ​သော​ထို​သူ​တို့​သည် သ​တိ​ရ၍၊ ထို​ဖမ်း​မိ​ရာ​မှ လွတ်​ခြင်း​သို့ ရောက်​ကောင်း ရောက်​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

၂ တိမောသေ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။