YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 1:1-5

၂ တိမောသေ 1:1-5 JBMLE

ယေ​ရှု​ခ​ရစ်၌​တည်​သော အ​သက်​ကို​ပေး​မည်​ဟု က​တိ​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ငါ့​ချစ်​သား​တိ​မော​သေ​ကို ကြား​လိုက်​ပါ၏။- ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​ရှိ ပါ​စေ​သော။ သင်၏​မျက်​ရည်​ကို ငါ​အောက်​မေ့​သော​အ​ခါ၊ ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​စုံ​မည်​အ​ကြောင်း၊ သင့်​ကို တွေ့​မြင်​ခြင်း​ငှာ အ​လွန်​လွမ်း​သော​စိတ် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ သင်၏​အ​ဖွား​လော​ဣ၊ အ​မိ​ဥ​နိတ်၌ အ​ရင်​တည်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော၊ ငါ​သ​ဘော​ကျ​သည်​အ​တိုင်း၊ သင်၌​လည်း​တည်​သော ယုံ​ကြည်​ခြင်း​စစ်​ကို မှတ်​မိ​သ​ဖြင့်​လည်း​ကောင်း၊ နေ့​ည​မ​ပြတ်​ဆု​တောင်း ပ​တ္ထ​နာ​ပြု​သည်​တွင်၊ သင့်​ကို မ​ခြား​မ​လပ် အောက်​မေ့​သည်​ဖြစ်၍၊ ငါ့​ဘိုး​ဘေး​ကိုး​ကွယ်​သည်​အ​တိုင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ် စင်​ကြယ်​ခြင်း​နှင့်​တ​ကွ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။