တစ်နည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထားကြ၏။- အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။- အဘယ်သူ၏ အစာကိုမျှ အလိုအလျောက်မစား။ သင်တို့တွင် တစ်ယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှာ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညမပြတ်လုပ်ဆောင်ကြ၏။- ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဖို့ ပုံသက်သေ ဖြစ်စေခြင်းငှာပြုကြ၏။- အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားကြပြီ။- မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ အချို့တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ၏။- ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ လုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်း သွေးဆောင်ကြ၏။- ညီအစ်ကိုတို့ အားလျော့စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့။ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစ်စုံတစ်ယောက်သောသူသည် နားမထောင်ဘဲနေလျှင်၊ ထိုသူကို မှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှာ၊ အပေါင်းအဖော် မလုပ်ကြနှင့်။- သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကိုကဲ့သို့မှတ်၍ သတိပေးကြလော့။- ငြိမ်သက်ခြင်း၏ သခင်သည် ကိုယ်တော်တိုင် သင်တို့၌ အစဉ်မပြတ်ခပ်သိမ်းသော အမှုအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အပေါင်းနှင့်အတူ ရှိတော်မူပါစေသော။ ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်း အချက်ကို ကိုယ်လက်နှင့် ရေးထား၏။ ဤသို့ ရေးထားလေ့ရှိ၍၊ ငါရေးသမျှသော ဩဝါဒ၏ လက္ခဏာဖြစ်၏။- ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်ပြီး၏။
၂ သက်သာလောနိတ် 3 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ သက်သာလောနိတ် 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ သက်သာလောနိတ် 3:6-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ