YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 3

3
ငါ​တို့​အ​ဖို့​ဆု​တောင်း​ကြ​လော့၊
1ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​သည် သင်​တို့​တွင် နှံ့​ပြား၍ ဘုန်း​ထင်​ရှား​ခြင်း​ရှိ​သကဲ့​သို့၊ အ​ရပ်​ရပ်​တို့၌ ထင်​ရှား​မည်​အ​ကြောင်း​နှင့်၊- 2အ​ကျိုး​အ​ကြောင်း​ကို မ​သိ​မ​မှတ်၊ ဆိုး​ညစ်​သော သူ​တို့​လက်​မှ​ငါ​တို့​ကို ကယ်​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ လူ​တိုင်း သ​စ္စာ​ရှိ​သည်​မ​ဟုတ်။- 3သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သင်​တို့​ကို​မြဲ​မြံ​စေ၍၊ မ​ကောင်းသော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။- 4ငါ​တို့ ပ​ညတ်​သည်​အ​တိုင်း သင်​တို့​သည် ယ​ခု​ကျင့်​ကြ၏။ နောက်၌​လည်း ကျင့်​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို အ​မှီ​ပြု၍ ငါ​တို့​သည် ယုံ​မှား​ခြင်း​မ​ရှိ။- 5ဘု​ရား​သ​ခင်​ကို ချစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခ​ရစ်​တော်၏​နည်း​တူ သည်း​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​သည် သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​တော်​မူ​ပါ​စေ​သော။
မ​တ​ရား​စွာ​ပြု​သော​ညီ​အစ်​ကို
6တစ်​နည်း​ကား၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​ထံ၌​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း မ​ကျင့်​ဘဲ၊ မ​တ​ရား​စွာ​ပြု​သော ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​ကို ရှောင်​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​ထား​ကြ၏။- 7အ​ကြောင်း​မူ​ကား၊ ငါ​တို့​ပေး​သော ပုံ​သက်​သေ​ကို​လိုက်၍ သင်​တို့​သည် အ​ဘယ်​သို့​ကျင့်​ရ​မည်​ဟု သင်​တို့ ကိုယ်​တိုင်​သိ​ကြ၏။ ငါ​တို့​သည် သင်​တို့​တွင် မ​တ​ရား​စွာ ပြု​ကြ​သည်​မ​ဟုတ်။- 8အ​ဘယ်​သူ၏ အ​စာ​ကို​မျှ အ​လို​အ​လျောက်​မ​စား။ သင်​တို့​တွင် တစ်​ယောက်​ကို​မျှ မ​နှောင့်​ယှက်​ခြင်း​ငှာ၊ ပင်​ပန်း​စွာ ကြိုး​စား​အား​ထုတ်၍ နေ့​ည​မ​ပြတ်​လုပ်​ဆောင်​ကြ၏။- 9ထို​သို့​ပြု​သော်​လည်း၊ မ​ခံ​မ​ယူ​ပိုင်​သော​ကြောင့် ပြု​သည်​မ​ဟုတ်။ သင်​တို့​လိုက်​စ​ရာ​ဖို့ ပုံ​သက်​သေ ဖြစ်​စေ​ခြင်း​ငှာ​ပြု​ကြ၏။- 10အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​နှင့်​အ​တူ​ရှိ​နေ​စဉ်​အ​ခါ၊ အ​လုပ်​မ​လုပ်​ချင်​သော​သူ​မည်​သည်​ကား၊ အ​စာ​ကို​လည်း မ​စား​စေ​နှင့်​ဟု ပ​ညတ်​ထား​ကြ​ပြီ။- 11မ​တ​ရား​စွာ​ပြု၍ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ဘဲ၊ ကိုယ်​နှင့်​မ​ဆိုင်​သော​အ​မှု၌ ရော​နှော​သော​သူ အ​ချို့​တို့​သည် သင်​တို့​တွင်​ရှိ​ကြောင်း​ကို ငါ​တို့​ကြား​ရ​ကြ၏။- 12ထို​သို့​သော​သူ​တို့​သည် ငြိမ်​ဝပ်​စွာ လုပ်​ဆောင်၍၊ ကိုယ်​အ​စာ​ကို စား​မည်​အ​ကြောင်း၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​ထား၍၊ တိုက်​တွန်း သွေး​ဆောင်​ကြ၏။- 13ညီ​အစ်​ကို​တို့ အား​လျော့​စိတ်​ပျက်​ခြင်း​မ​ရှိ​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။
14ဤ​စာ၌ ငါ​တို့​ရေး​ထား​သော ပ​ညတ်​စ​ကား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ ထို​သူ​ကို မှတ်​ကြ​လော့။ ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ အ​ပေါင်း​အ​ဖော် မ​လုပ်​ကြ​နှင့်။- 15သို့​သော်​လည်း၊ ရန်​သူ​ကဲ့​သို့​မ​မှတ်၊ ညီ​အစ်​ကို​ကဲ့​သို့​မှတ်၍ သ​တိ​ပေး​ကြ​လော့။- 16ငြိမ်​သက်​ခြင်း၏ သ​ခင်​သည် ကိုယ်​တော်​တိုင် သင်​တို့၌ အ​စဉ်​မ​ပြတ်​ခပ်​သိမ်း​သော အ​မှု​အ​ရာ​အား​ဖြင့် ငြိမ်​သက်​ခြင်း​ကို ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သ​ခင်​ဘု​ရား​သည် သင်​တို့​အ​ပေါင်း​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။
နိ​ဂုံး​ချုပ်​စ​ကား
17ငါ​ပေါ​လု​သည် သင်​တို့​ကို နှုတ်​ဆက်​ခြင်း အ​ချက်​ကို ကိုယ်​လက်​နှင့် ရေး​ထား၏။ ဤ​သို့ ရေး​ထား​လေ့​ရှိ၍၊ ငါ​ရေး​သ​မျှ​သော ဩ​ဝါ​ဒ၏ လက္ခ​ဏာ​ဖြစ်၏။- 18ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။
သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

၂ သက်သာလောနိတ် 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။