YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 2

2
ပျက်​စီး​ခြင်း၏​သား
1-2ညီ​အစ်​ကို​တို့၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ၍၊ ငါ​တို့​သည် အ​ထံ​တော်၌ စည်း​ဝေး​ခြင်း​အ​ရာ​မှာ၊ သ​ခင်​ဘု​ရား၏​နေ့​ရက် သည် ချက်​ချင်း​ရောက်​မည်​ဟူ၍ စိတ်​ဝိ​ညာဉ်​အား​ဖြင့်​ဖြစ်​စေ၊ နှုတ်​ထွက်​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ ငါ​တို့​စာ​ကဲ့​သို့​သော စာ​အား​ဖြင့်​ဖြစ်​စေ၊ သင်​တို့​သည် စိတ်​ရွေ့​လျော့​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း၊ အ​လျင်​တ​ဆော မ​ရှိ​မည်​အ​ကြောင်း ငါ​တို့​သည် တောင်း​ပန်​ကြ၏။- 3အ​ဘယ်​သူ​မျှ သင်​တို့​ကို အ​ဘယ်​သို့​သော​အား​ဖြင့် မ​လှည့်​ဖြား​စေ​နှင့်၊ ထို​နေ့​ရက်​မ​ရောက်​မီ ဖောက်​ပြန်​သင်း​ခွဲ​ခြင်း​သည် အ​ရင်​ဖြစ်၍၊ ဒု​စ​ရိုက်​လူ​တည်း​ဟူ​သော ပျက်​စီး​ခြင်း၏​သား​သည် ပေါ်​လာ​ရ​လိမ့်​မည်။- 4ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။
5ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ၊ ထို​အ​ကြောင်း​အ​ရာ​များ​ကို ပြော​ပြီ​ဟု သင်​တို့​သည် သ​တိ​မ​ရ​ကြ​သ​လော။- 6ထို​သူ​သည် မိ​မိ​ကာ​လ​အ​ချိန်၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ယ​ခု ဆီး​တား​သော​အ​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ၏။- 7အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝှက်​ထား​လျက်​ရှိ​သော ထို​အ​ဓ​မ္မ​အ​ရာ​သည် ယ​ခု​ပင် ပြု​ပြင်​ဆဲ​ရှိ၏။ သို့​သော်​လည်း ဆီး​တား​သော​သူ​သည် ပယ်​ရှင်း​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင် ဆီး​တား​လိမ့်​မည်။- 8ပယ်​ရှင်း​ခြင်း​သို့​ရောက်​သော​အ​ခါ၊ ထို​အ​ဓ​မ္မ​လူ​သည် ထင်​ရှား​လိမ့်​မည်။ ထို​အ​ဓ​မ္မ​လူ​ကို သ​ခင်​ယေ​ရှု​သည် နှုတ်​ထွက်​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖျက်​ဆီး၍၊ ကြွ​လာ​တော်​မူ​ခြင်း၏ ရောင်​ခြည်​အား​ဖြင့် ပယ်​ရှား​တော်​မူ​လိမ့်​မည်။- 9ထို​အ​ဓ​မ္မ​လူ၏ လာ​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ စာ​တန်​ပြု​ပြင်​သော​အား​ဖြင့် မု​သား​နှင့် စပ်​ဆိုင်​သော ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း၊- 10ပျက်​စီး​ခြင်း​သို့​ရောက်​သော သူ​တို့​တွင်၊ မ​တ​ရား​သော လှည့်​ဖြား​ခြင်း အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ သ​မ္မာ​တ​ရား၌ မွေ့​လျော်​သော​စိတ်​ကို မ​ခံ​မ​ယူ​ကြ။- 11ထို​ကြောင့်၊ သ​မ္မာ​တ​ရား​ကို မ​ယုံ​ဘဲ၊ မ​တ​ရား​သော​အ​မှု၌ မွေ့​လျော်​သော​သူ​အ​ပေါင်း​တို့​သည်၊- 12တ​ရား​ရှုံး​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ မု​သား​စ​ကား​ကို ယုံ​စိမ့်​သော​ငှာ၊ မိ​စ္ဆာ​ဒိ​ဌိ​ပြု​ပြင် အား​ထုတ်​ခြင်း​အ​ခွင့်​ကို သူ​တို့၌ ဘု​ရား​သ​ခင် လွှတ်​တော်​မူ​လိမ့်​မည်။
ကယ်​တင်​ခြင်းအတွက်ရွေးကောက်​ခြင်း
13သို့​သော်​လည်း၊ သ​ခင်​ဘု​ရား ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​သည် စိတ်​သန့်​ရှင်း​ခြင်း၊ သ​မ္မာ​တ​ရား​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကို ရွေး​ကောက်​တော်​မူ​သည်​ဖြစ်၍၊ ငါ​တို့​သည် သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် ချီး​မွမ်း​ရ​ကြ​မည်။- 14ထို​သို့​အ​လို​ငှာ ငါ​တို့​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဘုန်း​ကို ပိုင်​ရ​မည် အ​ကြောင်း​တည်း။- 15ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​နှုတ်​ထွက်​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ စာ​အား​ဖြင့်​ဖြစ်​စေ၊ သင်​တို့​သည် သင်​ခဲ့​ပြီး​သော နည်း​ဥ​ပ​ဒေ​သ​များ​ကို တည်​ကြည်​လျက် ကိုင်​ယူ​စွဲ​လမ်း​ကြ​လော့။- 16ငါ​တို့​ကို​ချစ်​တော်​မူ၍၊ ထာ​ဝ​ရ​သက်​သာ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်​အား​ဖြင့် ကောင်း​သော မျှော်​လင့်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​သည် ကိုယ်​တော်​တိုင်၊- 17သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ၍၊ ကောင်း​သော​စ​ကား၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး၌ သင်​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ​စေ​သော။

လက်ရှိရွေးချယ်ထားမှု

၂ သက်သာလောနိတ် 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။