YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 1:3-8

၂ သက်သာလောနိတ် 1:3-8 JBMLE

ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။ သို့​ဖြစ်၍၊ သင်​တို့​သည် ညှဉ်း​ဆဲ​ခြင်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သ​မျှ​တို့၌ သည်း​ခံ၍ ယုံ​ကြည်​ခြင်း​ရှိ​သည်​ကို ငါ​တို့​သည် ထောက်၍၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​များ​တွင် သင်​တို့​ကြောင့် ဝါ​ကြွား​ကြ၏။- သင်​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​တွက် ဆင်း​ရဲ​ခံ​ရ၍၊ ထို​နိုင်​ငံ​တော်​ကို ဝင်​စား​ထိုက်​သည်​ဟု မှတ်​တော်​မူ​ခြင်း​ကို ခံ​ရ​စေ ခြင်း​ငှာ၊ တ​ရား​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​အ​မှု​သည် ထို​သို့​သော​အား​ဖြင့် ထင်​ရှား​လျက်​ရှိ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ရှိ​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​အ​တူ၊ ကောင်း​ကင်​ဘုံ​က ပေါ်​ထွန်း​တော်​မူ၍၊ ဘု​ရား​သ​ခင်​ကို မ​သိ​သော​သူ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို နား​မ​ထောင်​သော​သူ​တို့​ကို မီး​လျှံ​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​အ​ခါ၊ သင်​တို့​ကို ဆင်း​ရဲ​စေ​ဖူး​သော သူ​တို့၌ ဆင်း​ရဲ​ခြင်း​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ရ​ဖူး​သော သင်​တို့၌ ငါ​တို့​နှင့်​အ​တူ ချမ်း​သာ​ခြင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ဆပ်​ပေး၍ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​လိမ့်​မည်။