YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 1:1-5

၂ သက်သာလောနိတ် 1:1-5 JBMLE

ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​သည်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်၌​တည်​ရှိ​သော သက်​သာ​လော​နိတ်​မြို့​သား အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။ သို့​ဖြစ်၍၊ သင်​တို့​သည် ညှဉ်း​ဆဲ​ခြင်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သ​မျှ​တို့၌ သည်း​ခံ၍ ယုံ​ကြည်​ခြင်း​ရှိ​သည်​ကို ငါ​တို့​သည် ထောက်၍၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​များ​တွင် သင်​တို့​ကြောင့် ဝါ​ကြွား​ကြ၏။- သင်​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​တွက် ဆင်း​ရဲ​ခံ​ရ၍၊ ထို​နိုင်​ငံ​တော်​ကို ဝင်​စား​ထိုက်​သည်​ဟု မှတ်​တော်​မူ​ခြင်း​ကို ခံ​ရ​စေ ခြင်း​ငှာ၊ တ​ရား​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​အ​မှု​သည် ထို​သို့​သော​အား​ဖြင့် ထင်​ရှား​လျက်​ရှိ၏။