YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 6:11-22

၂ ဓမ္မရာဇဝင် 6:11-22 JBMLE

ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် သုံး​လ​ပတ်​လုံး ဂိ​တ္တိ​လူ​ဩ​ဗ​ဒေ​ဒုံ​အိမ်၌ ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဩ​ဗ​ဒေ​ဒုံ​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သေ​တ္တာ​တော်​ကြောင့် ဩ​ဗ​ဒေ​ဒုံ​နှင့် သူ၌​ရှိ​သ​မျှ​ကို ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​မင်း​ကြီး​ကြား​သော​အ​ခါ၊ တစ်​ဖန်​သွား၍ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ဩ​ဗ​ဒေ​ဒုံ​အိမ်​မှ ဒါ​ဝိဒ်​မြို့​သို့ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​သော​သူ​တို့​သည် ခြောက်​လှမ်း​သွား​ပြီး​မှ၊ နွား​နှင့် ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​လေ၏။ ဒါ​ဝိဒ်​သည်​လည်း ပိတ်​သင်​တိုင်း​ကို​ဝတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ က​လေ၏။ ထို​သို့​ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​လျက်၊ တံ​ပိုး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ဒါ​ဝိဒ်​မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် ပြတင်း​ပေါက်​ဖြင့်​ကြည့်၍၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ က​လျက်​ခုန်​လျက်​လာ​သည်​ကို​မြင်၍ စိတ်​နှ​လုံး​ထဲ၌ မ​ထီ​မဲ့​မြင်​ပြု၏။ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို​သွင်း၍ ဒါ​ဝိဒ်​ဆောက်​နှင့်​သော တဲ​အ​လယ်​တွင် သူ့​နေ​ရာ၌​ထား​ကြ​ပြီး​မှ၊ ဒါ​ဝိဒ်​သည်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​လေ၏။ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း အ​မှု​ကို​ပြီး​စီး​သော​အ​ခါ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။ ဣ​သ​ရေ​လ​ပ​ရိ​သတ် ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား မုန့်​တစ်​ပြား၊ အ​မဲ​သား​တစ်​တစ်၊ စ​ပျစ်​သီး​ပျဉ် တစ်​ပြား​စီ ဝေ​ငှ​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ ထို​နောက် ဒါ​ဝိဒ်​သည် နန်း​တော်​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား၍​ရောက်​သော​အ​ခါ၊ ရှော​လု၏​သ​မီး မိ​ခါ​လ​သည် ဆီး၍​ကြို​လျက်၊ လျှပ်​ပေါ်​သော​သူ​သည် အ​ရှက်​မ​ရှိ​ဘဲ ကိုယ်​အ​ဝတ်​ကို​ချွတ်​သ​ကဲ့​သို့၊ ယ​နေ့ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​များ​ရှေ့​တွင် အ​ဝတ်​တော်​ကို​ချွတ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည်၊ ယ​နေ့​အ​ဘယ်​မျှ​လောက် ဘုန်း​ကြီး​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို၏။ ဒါ​ဝိဒ်​က​လည်း၊ သင့်​အ​ဘ​နှင့် သူ၏​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့၏​ကိုယ်​စား၊ ငါ့​ကို​ရွေး​ကောက်၍ ထာ​ဝ​ရ​ဘု​ရား၏​လူ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ပြု​သည်​မ​ဟုတ်​လော။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ငါ​က​ခုန်​မည်။ ထို​မျှ​မ​က၊ ငါ​သာ၍​ယုတ်​မာ​မည်။ ကိုယ်​အ​ထင်​အ​တိုင်း ကိုယ်​ကို​သာ၍ နှိမ့်​ချ​မည်၊ သင်​ပြော​သော ကျွန်​မ​များ​မူ​ကား၊ ငါ့​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်​ဟု မိ​ခါ​လ​ကို ပြန်​ပြော၏။