YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 6:1-7

၂ ဓမ္မရာဇဝင် 6:1-7 JBMLE

တစ်​ဖန် ဒါ​ဝိဒ်​သည် ရွေး​ချယ်​သော​ဣ​သ​ရေ​လ​လူ သုံး​သောင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ခေ​ရု​ဗိမ်​ကြား​မှာ ကျိန်း​ဝပ်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ယု​ဒ​ပြည်​ဗာ​လာ​မြို့​မှ ဆောင်​ခဲ့​ခြင်း​ငှာ၊ မိ​မိ၌​ပါ​သော​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထ​သွား​လေ၏။ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို လှည်း​သစ်​ပေါ်​မှာ​တင်၍ တောင်​ပေါ် အ​ဘိ​န​ဒပ်​အိမ်​ထဲ​က ထုတ်​ကြ၏။ အ​ဘိ​န​ဒပ်၏​သား ဩ​ဇ​နှင့် အ​ဟိ​ဩ​တို့​သည် လှည်း​သစ်​ကို​နှင်​ရ​ကြ၏။ ဩ​ဇ​သည်​ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​အ​နား၌​လည်း​ကောင်း၊ အ​ဟိ​ဩ​သည် သေ​တ္တာ​တော်​ရှေ့၌​လည်း​ကောင်း သွား​ကြ၏။ ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စောင်း၊ တ​ယော၊ ပတ်​သာ၊ နှဲ​ခ​ရာ၊ ခွက်​ကွင်း​တို့​ကို ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ တီး​မှုတ်​ကြ၏။ နာ​ခုန်​ကောက်​နယ်​သ​လင်း​သို့ ရောက်​သော​အ​ခါ၊ နွား​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို လှုပ်​ရှား​သော​ကြောင့်၊ ဩ​ဇ​သည် လက်​ကို​ဆန့်၍ သေ​တ္တာ​တော်​ကို​ကိုင်၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို​အ​မျက်​ထွက်၍ သူ၏​အ​ပြစ်​ကြောင့် ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​သည် သေ​တ္တာ​တော်​နား​မှာ သေ​လေ၏။