ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက်ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ ချိုမြိန်စွာသီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရောဖက်စကားဟူမူကား၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌တည်၏။ ဣသရေလအမျိုး၏ဘုရားသခင်၊ ဣသရေလအမျိုး၏ ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ လူတို့ကို အုပ်စိုးသောသူသည် တရားသဖြင့်စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။ မိုးမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့လည်းကောင်း၊ မိုးရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။
၂ ဓမ္မရာဇဝင် 23 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 23:1-4
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ