YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 22:30-35

၂ ဓမ္မရာဇဝင် 22:30-35 JBMLE

အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အ​မှီ​ပြု၍ တပ်​ကို​ဖျက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် မြို့​ရိုး​ကို​ကျော်၍ ဝင်​ပါ​ပြီ။ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင် ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။ ထို​ဘု​ရား​သ​ခင်​သည် ငါ၏​ခွန်​အား၊ ငါ၏​တန်​ခိုး​ဖြစ်၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့ လျင်​မြန်​စေ၍၊ ငါ၏​မြင့်​ရာ​အ​ရပ်​ပေါ်​မှာ ငါ့​ကို​တင်​ထား​တော်​မူ၏။ ငါ့​လက်​ကို စစ်​မှု၌​လေ့​ကျက်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ၍၊ ကြေး​ဝါ​လေး​ကို ငါ့​လက်​ရုံး​နှင့် ငါ​တင်​နိုင်၏။