YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 20:15-19

၂ ဓမ္မရာဇဝင် 20:15-19 JBMLE

ရှေ​ဘ​တည်း​ခို​သော ဗက်​မာ​ခ​ပြည်၊ အာ​ဗေ​လ​မြို့​ကို ဝိုင်း​ထား၍၊ ပြင်​မြို့​ရိုး​တစ်​ဖက်​တစ်​ချက်၌ မြေ​ရိုး​ကို​ဖို့​ကြ၏။ ယွာ​ဘ​နှင့် သူ၏​လူ​အ​ပေါင်း​တို့​သည် မြို့​ရိုး​ကို ဖြို​ခြင်း​ငှာ ထိုး​ဖောက်​ကြ၏။ ထို​အ​ခါ ပ​ညာ​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် မြို့​ထဲ​က​ဟစ်၍ ဆို​သည်​ကား၊ နား​ထောင်​ကြ၊ နား​ထောင်​ကြ၊ ငါ​သည်​ယွာ​ဘ​နှင့် စ​ကား​ပြော​နိုင်​မည်​အ​ကြောင်း ချဉ်း​လာ​ပါ​ဟု ယွာ​ဘ​အား​လျှောက်​ကြ​လော့ ဟု​ဆို​သည်​အ​တိုင်း၊ ယွာ​ဘ​သည် ချဉ်း​လာ​သော​အ​ခါ မိန်း​မ​က၊ သင်​သည် ယွာ​ဘ​ဟုတ်​သ​လော​ဟု မေး​လျှင်၊ ငါ​ဟုတ်​သည်​ဟု ဆို​သော်၊ မိန်း​မ​က၊ ကိုယ်​တော်​ကျွန်​မ၏ စ​ကား​ကို နား​ထောင်​တော်​မူ​ပါ​ဟု​ဆို၏။ ယွာ​ဘ​က​လည်း၊ ငါ​နား​ထောင်​လျက်​နေ​သည်​ဟု ဆို​သော်၊ မိန်း​မ​က၊ အ​ကယ်​စင်​စစ် အာ​ဗေ​လ​မြို့​မှာ​တိုင်​ပင်၍ အ​မှု​ကို​ဆုံး​ဖြတ်​ပါ​လေ​စေ​ဟု ရှေး​ကာ​လ၌ ဆို​တတ်​ကြ၏။ ကျွန်​မ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​မှု​မ​လုပ်​ပါ။ သ​စ္စာ​စောင့်​သော​သူ ဖြစ်​ပါ၏။ ကိုယ်​တော်​သည် မြို့​တစ်​မြို့​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​မိ​တစ်​ယောက်​ကို ဖျက်​ဆီး​ခြင်း​ငှာ ရှာ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မွေ​တော်​ကို မျို​ခြင်း​ငှာ အ​ဘယ်​ကြောင့် အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု လျှောက်​လျှင်၊