YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 3:8-13

၂ ရှင်ပေတရု 3:8-13 JBMLE

ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။- လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။- သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍၊ ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ကုန်​စင်​မည်​မှန်​သော​ကြောင့်၊ မိုး​ကောင်း​ကင်​သည် မီး​နှင့် ပျက်၍ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး​လျက်၊ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​သော နေ့​တည်း​ဟူ​သော၊ ဘု​ရား​သ​ခင်၏​နေ့ ရောက်​လိမ့်​မည်​ဟု သင်​တို့​သည် မျှော်​လ​င့်​တောင့်​တ​လျက်၊ သန့်​ရှင်း​သော​အ​ကျင့်​ကို​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့်၊ အ​ဘယ်​သို့​သော​သူ ဖြစ်​အပ်​ကြ​သ​နည်း။- ယ​ခု​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျက်​ရ​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်​နေ​ရာ မိုး​ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို ငါ​တို့​သည် က​တိ​တော်​နှင့်​အ​ညီ မျှော်​လ​င့်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။