YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 3:1-10

၂ ရှင်ပေတရု 3:1-10 JBMLE

ချစ်​သူ​တို့၊ ဤ​ဒု​တိ​ယ​ဩ​ဝါ​ဒ​စာ​ကို သင်​တို့​အား ယ​ခု ငါ​ရေး၍ ပေး​လိုက်၏။- သန့်​ရှင်း​သော ပ​ရော​ဖက်​တို့​သည်၊ အ​ထက်​က ဟော​ပြော​သော စ​ကား​များ​ကို​လည်း​ကောင်း၊ ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ဘု​ရား၏ တ​မန်​တော်​ဖြစ်​သော ငါ​တို့၏​ပ​ညတ်​ကို​လည်း​ကောင်း၊ သင်​တို့​သည် အောက်​မေ့​စေ​ခြင်း​ငှာ၊ ဤ​စာ​နှစ်​စောင်၌ သင်​တို့၏ ကြည်​ဖြူ​သော စိတ်​ဝိ​ညာဉ်​တို့​ကို ငါ​သ​တိ​ပေး၍ နှိုး​ဆော်၏။- ရှေ့​ဦး​စွာ သိ​မှတ်​အပ်​သော​အ​ရာ ဟူ​မူ​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ပြက်​ရယ်​ပြု​တတ်​သော သူ​တို့​သည်၊ မိ​မိ​တို့​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​နေ၍၊- သ​ခင်​ဘု​ရား ကြွ​လာ​မည်​ဟူ​သော က​တိ​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဘိုး​ဘေး​များ အိပ်​ပျော်​သည်​နောက်၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် ဖန်​ဆင်း​စ​က ဖြစ်​သ​ကဲ့​သို့၊ ဖြစ်​မြဲ​ဖြစ်​ကြ၏​ဟု​ဆို​လျက်၊ ကဲ့​ရဲ့​ခြင်း​နှ​င့်​တ​ကွ ပေါ်​လာ​ကြ​လိ​မ့်​မည်။- ရှေး​ကာ​လ၌ မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ ရေ​ထဲ​က​ထွက်၍ ရေ​ဖြင့်​တည်​သော မြေ​ကြီး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဖြစ်​စေ​တော်​မူ​ကြောင်း​နှင့်၊- ဖြစ်​ဖူး​သော​လော​က​ဓာတ်​ကို ထို​သို့​အား​ဖြင့် ရေ​နှင့်​လွှမ်း​မြှုပ်၍ ဖျက်​ဆီး​ကြောင်း​ကို ထို​သူ​တို့​သည် မှတ်​မိ​ချင်​သော​စိတ် မ​ရှိ​ကြ။- ယ​ခု​ရှိ​သော မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​မူ​ကား၊ တ​ရား​ဆုံး​ဖြတ်၍ အ​ဓ​မ္မ​လူ​တို့​ကို ဖျက်​ဆီး​သော နေ့​ရက်​တိုင်​အောင်၊ ထို​နှုတ်​က​ပတ် တော်​အား​ဖြင့် သို​ထား​လျက်​ရှိ၍၊ မီး​ရှို့​ခြင်း​အ​ဖို့​အ​လို​ငှာ နေ​ရစ်​သ​တည်း။ ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။- လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။- သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။