YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 1:19-21

၂ ရှင်ပေတရု 1:19-21 JBMLE

ထို​မှ​တစ်​ပါး၊ သာ၍​မြဲ​မြံ​သော အ​နာ​ဂ​တ္တိ​စ​ကား​တော်​သည် ငါ​တို့၌​ရှိ​သေး၏။ စိတ်​နှ​လုံး​ထဲ၌ အ​ရုဏ်​တက်၍ ကြယ်​နီ​ပေါ်​ထွက်​သည် ကာ​လ​တိုင်​အောင်၊ ထို​အ​နာ​ဂ​တ္တိ​စ​ကား​တော်​ကို မှောင်​မိုက်​အ​ရပ်၌ ထွန်း​လင်း​သော​ဆီ​မီး​ကဲ့​သို့ မှတ်၍၊ သင်​တို့​သည် အ​မှီ​ပြု​သင့်​ကြ၏။- ကျမ်း​စာ၌​ပါ​သော အ​နာ​ဂ​တ္တိ​စ​ကား​မည်​သည်​ကား၊ ကိုယ်​အ​လို​အ​လျောက် အ​နက်​မ​ပေါ်​ဟု ရှေ့​ဦး​စွာ သိ​မှတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​နာ​ဂ​တ္တိ​စ​ကား​သည် လူ​အ​လို​အား​ဖြင့် ဖြစ်​ဖူး​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သူ​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ တိုက်​တွန်း​တော်​မူ​ခြင်း​ကို ခံ​ရ၍ ဟော​ပြော​ကြ၏။