YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 1:1-4

၂ ရှင်ပေတရု 1:1-4 JBMLE

ယေ​ရှု​ခ​ရစ်၏​ကျွန် တ​မန်​တော် ငါ​ရှိ​မုန်​ပေ​တ​ရု​သည် ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​တို့ ဘု​ရား​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ငါ​တို့​ယုံ​ကြည်​သည်​နည်း​တူ၊ မြတ်​စွာ​သော ယုံ​ကြည်​ခြင်း​ကို ရ​သော​သူ​တို့​အား ကြား​လိုက်​ပါ၏။- ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ကို​လည်း​ကောင်း၊ သိ​သော​ဉာဏ်​အား​ဖြင့်၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ များ​ပြား​ပါ​စေ​သော။ ထို​သို့​နှင့်​အ​ညီ ငါ​တို့​ကို ဘုန်း​တန်​ခိုး​တော်​နှင့် ခေါ်​တော်​မူ​သော​ဘု​ရား​ကို သိ​သော​ဉာဏ်​အား​ဖြင့်၊ ငါ​တို့​အား အ​သက်​ရှင်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့် စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ဘု​ရား​တန်​ခိုး​တော်​သည် ပေး​သ​နား​တော်​မူ​ပြီ။- ထို​သို့​သော​အား​ဖြင့်​လည်း အ​လွန်​ကြီး​မြတ်၍ အ​ဖိုး​ထိုက်​သော က​တိ​များ​ကို ငါ​တို့၌ အပ်​ပေး​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထို​က​တိ​တော်​များ​ကို အ​မှီ​ပြု၍ သင်​တို့​သည် လော​ကီ​တပ်​မက်​ခြင်း အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​သ​ဖြင့်၊ ဘု​ရား​ပ​က​တိ​ကို ဆက်​ဆံ​ရ​သော​သူ ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။