YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 6:8-20

၄ ဓမ္မရာဇဝင် 6:8-20 JBMLE

တစ်​ဖန် ရှု​ရိ​ရှင်​ဘု​ရင်​သည် ဣ​သ​ရေ​လ​ပြည်​ကို စစ်​တိုက်၍၊ ဤ​မည်​သော​အ​ရပ်၊ ဤ​မည်​သော​အ​ရပ်၌ ငါ​တို့​သည် တပ်​ချ​ကြ​ကုန်​အံ့​ဟု ကျွန်​တို့​နှင့် တိုင်​ပင်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​လူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ ဤ​မည်​သော​အ​ရပ်​ကို သ​တိ​ပြု​ပါ။ ထို​အ​ရပ်​သို့ ရှု​ရိ​လူ​တို့​သည် လာ​ကြ​ပြီ​ဟု၊ သ​တိ​ပေး​သော​အ​ရပ်​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် လူ​ကို​စေ​လွှတ်၍ တစ်​ကြိမ်​နှစ်​ကြိမ်​မ​က ရန်​သူ​တို့​ကို ရှောင်​လေ၏။ ထို​အ​ကြောင်း​ကြောင့် ရှု​ရိ​ရှင်​ဘု​ရင်​သည် စိတ်​ပူ​ပန်၍ ကျွန်​တို့​ကို​ခေါ်​ပြီး​လျှင်၊ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဘက်၌​နေ​သည်​ကို ငါ့​အား​မ​ပြ​ဘဲ​နေ​ကြ​သ​နည်း​ဟု​မေး​သော်၊ ကျွန်​တစ်​ယောက်​က၊ ထို​သို့​မ​ဟုတ်​ပါ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​စက်​တော်​မူ​ခန်း​ထဲ၌ မိန့်​တော်​မူ​သော​စ​ကား​ကို​ပင်၊ ဣ​သ​ရေ​လ​ပြည်၌​ရှိ​သော ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား ပြန်​ပြော​တတ်​ပါ​သည်​ဟု လျှောက်​လေ၏။ ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် အ​ဘယ်​အ​ရပ်၌​ရှိ​သည်​ကို​သွား၍ ချောင်း​ကြည့်​လော့။ သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ ဒေါ​သန်​မြို့၌​ရှိ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​မြို့​သို့ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​များ​ကို​စေ​လွှတ်​သ​ဖြင့်၊ ည​အ​ခါ​ရောက်၍ မြို့​ကို​ဝိုင်း​ကြ၏။ နံ​နက်​စော​စော ဘု​ရား​သ​ခင့်​လူ၏​ကျွန်​သည်​ထ၍ ပြင်​သို့​ထွက်​သော​အ​ခါ၊ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​တို့​သည် မြို့​ကို​ဝိုင်း​လျက် ရှိ​ကြ​သည်​ဖြစ်၍၊ အို​သ​ခင်၊ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မိ​မိ​သ​ခင်​အား​ဆို၏။ ဧ​လိ​ရှဲ​က မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်၌​နေ​သော​သူ​တို့​သည် ရန်​သူ​တို့​ဘက်၌ နေ​သော​သူ​တို့​ထက် သာ၍​များ​ကြ​သည်​ဟု​ဆို​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​လု​လင်၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ဧ​လိ​ရှဲ​ပတ်​လည်၌ တစ်​တောင်​လုံး​သည်​မီး​မြင်း၊ မီး​ရ​ထား​နှင့်​ပြည့်​သည်​ကို မြင်​လေ၏။ ရှု​ရိ​လူ​တို့​သည် ရောက်​လာ​သော​အ​ခါ၊ ဧ​လိ​ရှဲ​က၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​တို့၏ မျက်​စိ​မ​မြင်​စေ​ခြင်း​ငှာ၊ ဒဏ်​ခတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ၏။ ဧ​လိ​ရှဲ​က​လည်း၊ ဤ​လမ်း​မ​ဟုတ်။ ဤ​မြို့​လည်း​မ​ဟုတ်။ ငါ့​နောက်​သို့ လိုက်​ကြ။ သင်​တို့​ရှာ​သော​သူ​ရှိ​ရာ​သို့ ငါ​ပို့​မည်​ဟု​ဆို​လျက် ရှ​မာ​ရိ​မြို့​သို့ ပို့​လေ၏။ မြို့​ထဲ​သို့​ရောက်​ပြီး​မှ ဧ​လိ​ရှဲ​က၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​တို့​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ​တို့၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ သူ​တို့၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​မြင်၍ ရှ​မာ​ရိ​မြို့​ထဲ​မှာ ရှိ​သည်​ဟု​သိ​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။