YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 6:15-19

၄ ဓမ္မရာဇဝင် 6:15-19 JBMLE

နံ​နက်​စော​စော ဘု​ရား​သ​ခင့်​လူ၏​ကျွန်​သည်​ထ၍ ပြင်​သို့​ထွက်​သော​အ​ခါ၊ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​တို့​သည် မြို့​ကို​ဝိုင်း​လျက် ရှိ​ကြ​သည်​ဖြစ်၍၊ အို​သ​ခင်၊ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မိ​မိ​သ​ခင်​အား​ဆို၏။ ဧ​လိ​ရှဲ​က မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်၌​နေ​သော​သူ​တို့​သည် ရန်​သူ​တို့​ဘက်၌ နေ​သော​သူ​တို့​ထက် သာ၍​များ​ကြ​သည်​ဟု​ဆို​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​လု​လင်၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ဧ​လိ​ရှဲ​ပတ်​လည်၌ တစ်​တောင်​လုံး​သည်​မီး​မြင်း၊ မီး​ရ​ထား​နှင့်​ပြည့်​သည်​ကို မြင်​လေ၏။ ရှု​ရိ​လူ​တို့​သည် ရောက်​လာ​သော​အ​ခါ၊ ဧ​လိ​ရှဲ​က၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​တို့၏ မျက်​စိ​မ​မြင်​စေ​ခြင်း​ငှာ၊ ဒဏ်​ခတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ၏။ ဧ​လိ​ရှဲ​က​လည်း၊ ဤ​လမ်း​မ​ဟုတ်။ ဤ​မြို့​လည်း​မ​ဟုတ်။ ငါ့​နောက်​သို့ လိုက်​ကြ။ သင်​တို့​ရှာ​သော​သူ​ရှိ​ရာ​သို့ ငါ​ပို့​မည်​ဟု​ဆို​လျက် ရှ​မာ​ရိ​မြို့​သို့ ပို့​လေ၏။

​၄ ဓမ္မရာဇဝင် 6:15-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။