YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 6

6
ပု​ဆိန်​ကို​ပြန်​လည်​ရ​ရှိ​ခြင်း
1ပ​ရော​ဖက်​အ​မျိုး​သား​တို့​က၊ ကိုယ်​တော်​နှင့်​အ​တူ ယ​ခု​နေ​သော​အ​ရပ်​သည် ကျဉ်း​မြောင်း​ပါ၏။ 2အ​ကျွန်ုပ်​တို့​သည် ယော်​ဒန်​မြစ်​နား​သို့ သွား​ပါ​ရ​စေ။ ထို​အ​ရပ်၌​ဝိုင်း၍ သစ်​သား​ကို​ခုတ်​ပြီး​လျှင်၊ ကိုယ်​နေ​စ​ရာ​ဖို့​လုပ်​ပါ​ရ​စေ​ဟု ဧ​လိ​ရှဲ​ထံ၌ အ​ခွင့်​တောင်း​လျှင်၊ သွား​ကြ​လော့​ဟု အ​ခွင့်​ပေး၏။ 3အ​ချို့​က​လည်း မ​ငြင်း​ပါ​နှင့်။ ကိုယ်​တော်​ကျွန်​တို့​နှင့် ကြွ​တော်​မူ​ပါ​ဟု​တောင်း​ပန်​လျှင်၊ ငါ​သွား​မည်​ဟု ဝန်​ခံ​သည်​အ​တိုင်း၊ 4သူ​တို့​နှင့်​အ​တူ လိုက်​လေ၏။ ယော်​ဒန်​မြစ်​နား​သို့ ရောက်​သော​အ​ခါ သစ်​သား​ကို​ခုတ်​ကြ၏။ 5တစ်​ယောက်​သော​သူ​သည် ခုတ်​စဉ်​တွင်၊ ရေ​ထဲ​သို့ ပု​ဆိန်​ကျ၏။ ခုတ်​သော​သူ​က​လည်း၊ ခက်​လှ​ပြီ​သ​ခင်။ ထို​ပု​ဆိန်​သည် ငှား​ခဲ့​သော​ဥ​စ္စာ​ဖြစ်​ပါ၏​ဟု အော်​ဟစ်​လျှင်၊ 6ဘု​ရား​သ​ခင်၏​လူ​က၊ အ​ဘယ်​မှာ​ကျ​သ​နည်း​ဟု​မေး​သော်၊ ကျ​ရာ​အ​ရပ်​ကို​ပြ​ပြီး​မှ၊ တုတ်​ကို​ခုတ်၍ ထို​အ​ရပ်၌​ချ​သ​ဖြင့် ပု​ဆိန်​သည် ပေါ​လော​နေ၏။ 7ဆယ်​ယူ​လော့​ဟု ဧ​လိ​ရှဲ​ဆို​သည်​အ​တိုင်း၊ တ​ပည့်​သည် လက်​ကို​ဆန့်၍ ဆယ်​ယူ၏။
ရှု​ရိ​တပ်​မ​တော်​အ​ရေး​နိ​မ့်​သွား​ခြင်း
8တစ်​ဖန် ရှု​ရိ​ရှင်​ဘု​ရင်​သည် ဣ​သ​ရေ​လ​ပြည်​ကို စစ်​တိုက်၍၊ ဤ​မည်​သော​အ​ရပ်၊ ဤ​မည်​သော​အ​ရပ်၌ ငါ​တို့​သည် တပ်​ချ​ကြ​ကုန်​အံ့​ဟု ကျွန်​တို့​နှင့် တိုင်​ပင်​သော​အ​ခါ၊ 9ဘု​ရား​သ​ခင်၏​လူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ ဤ​မည်​သော​အ​ရပ်​ကို သ​တိ​ပြု​ပါ။ ထို​အ​ရပ်​သို့ ရှု​ရိ​လူ​တို့​သည် လာ​ကြ​ပြီ​ဟု၊ 10သ​တိ​ပေး​သော​အ​ရပ်​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် လူ​ကို​စေ​လွှတ်၍ တစ်​ကြိမ်​နှစ်​ကြိမ်​မ​က ရန်​သူ​တို့​ကို ရှောင်​လေ၏။ 11ထို​အ​ကြောင်း​ကြောင့် ရှု​ရိ​ရှင်​ဘု​ရင်​သည် စိတ်​ပူ​ပန်၍ ကျွန်​တို့​ကို​ခေါ်​ပြီး​လျှင်၊ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဘက်၌​နေ​သည်​ကို ငါ့​အား​မ​ပြ​ဘဲ​နေ​ကြ​သ​နည်း​ဟု​မေး​သော်၊ 12ကျွန်​တစ်​ယောက်​က၊ ထို​သို့​မ​ဟုတ်​ပါ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​စက်​တော်​မူ​ခန်း​ထဲ၌ မိန့်​တော်​မူ​သော​စ​ကား​ကို​ပင်၊ ဣ​သ​ရေ​လ​ပြည်၌​ရှိ​သော ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား ပြန်​ပြော​တတ်​ပါ​သည်​ဟု လျှောက်​လေ၏။ 13ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် အ​ဘယ်​အ​ရပ်၌​ရှိ​သည်​ကို​သွား၍ ချောင်း​ကြည့်​လော့။ သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ ဒေါ​သန်​မြို့၌​ရှိ​ပါ​သည်​ဟု လျှောက်​လေ၏။ 14ထို​မြို့​သို့ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​များ​ကို​စေ​လွှတ်​သ​ဖြင့်၊ ည​အ​ခါ​ရောက်၍ မြို့​ကို​ဝိုင်း​ကြ၏။ 15နံ​နက်​စော​စော ဘု​ရား​သ​ခင့်​လူ၏​ကျွန်​သည်​ထ၍ ပြင်​သို့​ထွက်​သော​အ​ခါ၊ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​တို့​သည် မြို့​ကို​ဝိုင်း​လျက် ရှိ​ကြ​သည်​ဖြစ်၍၊ အို​သ​ခင်၊ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မိ​မိ​သ​ခင်​အား​ဆို၏။ 16ဧ​လိ​ရှဲ​က မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်၌​နေ​သော​သူ​တို့​သည် ရန်​သူ​တို့​ဘက်၌ နေ​သော​သူ​တို့​ထက် သာ၍​များ​ကြ​သည်​ဟု​ဆို​လျက်၊ 17အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​လု​လင်၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ဧ​လိ​ရှဲ​ပတ်​လည်၌ တစ်​တောင်​လုံး​သည်​မီး​မြင်း၊ မီး​ရ​ထား​နှင့်​ပြည့်​သည်​ကို မြင်​လေ၏။ 18ရှု​ရိ​လူ​တို့​သည် ရောက်​လာ​သော​အ​ခါ၊ ဧ​လိ​ရှဲ​က၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​တို့၏ မျက်​စိ​မ​မြင်​စေ​ခြင်း​ငှာ၊ ဒဏ်​ခတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ၏။ 19ဧ​လိ​ရှဲ​က​လည်း၊ ဤ​လမ်း​မ​ဟုတ်။ ဤ​မြို့​လည်း​မ​ဟုတ်။ ငါ့​နောက်​သို့ လိုက်​ကြ။ သင်​တို့​ရှာ​သော​သူ​ရှိ​ရာ​သို့ ငါ​ပို့​မည်​ဟု​ဆို​လျက် ရှ​မာ​ရိ​မြို့​သို့ ပို့​လေ၏။ 20မြို့​ထဲ​သို့​ရောက်​ပြီး​မှ ဧ​လိ​ရှဲ​က၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​တို့​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ​တို့၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ သူ​တို့၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​မြင်၍ ရှ​မာ​ရိ​မြို့​ထဲ​မှာ ရှိ​သည်​ဟု​သိ​ကြ၏။ 21ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ အ​ဘ၊ ထို​သူ​တို့​ကို ဓား​နှင့်​သတ်​ရ​ပါ​မည်​လော​ဟု ဧ​လိ​ရှဲ​အား​မေး​လျှင်၊ 22မ​သတ်​ပါ​နှင့်။ ဓား​နှင့်​ခုတ်​လျက်၊ လေး​နှင့်​ပစ်​လျက် စစ်​တိုက်၍ ဖမ်း​မိ​သော​သူ​တို့​ကို သတ်​ရ​မည်​လော။ သူ​တို့​ရှေ့​မှာ မုန့်​နှင့်​ရေ​ကို​ထည့်၍ သူ​တို့​သည် စား​သောက်​ပြီး​မှ၊ မိ​မိ​တို့​သ​ခင်​ထံ​သို့ သွား​ပါ​စေ​ဟု​ဆို​လျှင်၊ 23များ​စွာ​သော စား​စ​ရာ​ကို ပြင်​ဆင်၍ စား​သောက်​စေ​ပြီး​မှ လွှတ်​လိုက်​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​သ​ခင်​ထံ​သို့ ပြန်​သွား​ကြ၏။ ထို​နောက်​မှ ရှု​ရိ​လူ​တို့​သည် အ​လို​အ​လျောက်​တပ်​ဖွဲ့၍ ဣ​သ​ရေ​လ​ပြည်​သို့ မ​လာ​ကြ။
ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​ခြင်း
24နောက်​တစ်​ဖန်​ရှု​ရိ​ရှင်​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် ဗိုလ်​ခြေ​အ​ပေါင်း​ကို စု​ဝေး​စေ​သ​ဖြင့် စစ်​ချီ၍ ရှ​မာ​ရိ​မြို့​ကို ဝိုင်း​ထား၏။ 25ကြာ​မြင့်​စွာ​ဝိုင်း​ထား​သော​ကြောင့်၊ ရှ​မာ​ရိ​မြို့၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍၊ မြည်း​ခေါင်း​တစ်​လုံး​ကို ငွေ​ရှစ်​ဆယ်​နှင့်​လည်း​ကောင်း၊ ပဲ​ကြမ်း​တစ်​ပြည်​ကို ငွေ​ငါး​ကျပ်​နှင့်​လည်း​ကောင်း ရောင်း​ရ၏။ 26ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မြို့​ရိုး​ပေါ်​မှာ လျှောက်​သွား​စဉ်၊ မိန်း​မ​တစ်​ယောက်​က အ​ရှင်​မင်း​ကြီး၊ ကယ်​မ​တော်​မူ​ပါ​ဟု အော်​ဟစ်၏။ 27ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကယ်​မ​တော်​မ​မူ​လျှင်၊ ငါ​သည် အ​ဘယ်​သို့ ကယ်​မ​နိုင်​မည်​နည်း။ စ​ပါး​နယ်​ရာ​တ​လင်း၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​က ကယ်​မ​နိုင်​မည်​လော​ဟူ၍​လည်း​ကောင်း၊ 28သင်၌ အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟူ၍​လည်း​ကောင်း မေး​လျှင်၊ မိန်း​မ​က၊ ဤ​မိန်း​မ​သည် ကျွန်​မ​ဆီ​သို့​လာ၍၊ သင့်​သား​ကို ယ​နေ့​ငါ​တို့​စား​ဖို့​အပ်​ပါ။ နက်​ဖြန်​နေ့၌ ငါ့​သား​ကို စား​ရ​မည်​ဟု​ဆို​သည်​အ​တိုင်း၊ 29ကျွန်​မ၏​သား​ကို ပြုတ်၍​စား​ကြ​ပါ၏။ နက်​ဖြန်​နေ့၌ ကျွန်​မ​က၊ သင်၏​သား​ကို ငါ​တို့​စား​ဖို့​အပ်​ပါ​ဟု တောင်း​သော်၊ သူ​သည် မိ​မိ​သား​ကို ဝှက်​ထား​ပါ​သည်​ဟု လျှောက်​လေ၏။#တရား၊ ၂၈:၅၇၊ မြည်၊ ၄:၁၀။ 30ရှင်​ဘု​ရင်​သည် ထို​မိန်း​မ၏​စ​ကား​ကို​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို ဆုတ်​လေ၏။ မြို့​ရိုး​ပေါ်​မှာ​လျှောက်​သွား​စဉ် လူ​တို့​သည်​ကြည့်၍၊ အ​တွင်း၌ လျှော်​တေ​အ​ဝတ်​ဖြင့် ဝတ်​တော်​မူ​ကြောင်း​ကို​သိ​မြင်​ရ​ကြ၏။ 31ရှင်​ဘု​ရင်​က​လည်း၊ ရှာ​ဖတ်​သား​ဧ​လိ​ရှဲ၏​ဦး​ခေါင်း​သည် ယ​နေ့ သူ့​ကိုယ်​နှင့် မ​ကွာ​ဘဲ​နေ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​မျှ​မ​က၊ ငါ၌​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို၏။ 32ဧ​လိ​ရှဲ​သည် မိ​မိ​အိမ်၌​ထိုင်၍ အ​သက်​ကြီး​သူ​တို့​သည် သူ​နှင့်​အ​တူ ထိုင်​ကြ​စဉ်၊ ရှင်​ဘု​ရင်​သည် မိ​မိ​ရှေ့​မှာ လူ​တစ်​ယောက်​ကို စေ​လွှတ်၏။ ထို​တ​မန်​မ​ရောက်​မီ ဧ​လိ​ရှဲ​က၊ လူ​သတ်၏​သား​သည် ငါ့​လည်​ပင်း​ကို ဖြတ်​စေ​ခြင်း​ငှာ၊ စေ​လွှတ်​သည်​ကို သိ​မြင်​ကြ​သ​လော။ ထို​တ​မန်​ရောက်​သော​အ​ခါ၊ တံ​ခါး​ကို​ပိတ်၍၊ တံ​ခါး​နား​မှာ​သူ့​ကို ဆီး​တား​ကြ​လော့။ သူ့​နောက်​မှာ​သူ့​သ​ခင် ခြေ​သံ​မ​မြည်​သ​လော​ဟု၊ 33အ​သက်​ကြီး​သူ​တို့​အား ပြော​စဉ်​တွင်၊ ထို​တ​မန်​သည် ရောက်​လာ၏။ ရှင်​ဘု​ရင်​ကိုယ်​တိုင်​ရောက်​လျှင်၊ ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော အ​မှု​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကျေး​ဇူး​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​သေး​သ​နည်း​ဟု​ဆို​သော်၊

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ