YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 5:20-27

၄ ဓမ္မရာဇဝင် 5:20-27 JBMLE

ဘု​ရား​သ​ခင်၏​လူ ဧ​လိ​ရှဲ၏​ကျွန်​ဂေ​ဟာ​ဇိ​က၊ ဤ​ရှု​ရိ​လူ နေ​မန်​ဆောင်​ခဲ့​သော ဥ​စ္စာ​ကို ငါ့​သ​ခင်​သည် မ​ခံ​မ​ယူ။ သူ့​ကို အ​လွန်​သ​နား​ပြီ။ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သူ့​နောက်​သို့ ငါ​လိုက်၍ တစ်​စုံ​တစ်​ခု​ကို​ယူ​မည်​ဟု အ​ကြံ​ရှိ​လျက်၊ နေ​မန်​နောက်​သို့ လိုက်​လေ၏။ လိုက်​ကြောင်း​ကို နေ​မန်​သည်​မြင်​လျှင်၊ ကြို​ဆို​အံ့​သော​ငှာ​ရ​ထား​မှ​ဆင်း၍၊ ရှိ​သ​မျှ​ကောင်း​သ​လော​ဟု မေး​သော်၊ ဂေ​ဟာ​ဇိ​က ကောင်း​ပါ၏။ ယ​ခု​တွင် ပ​ရော​ဖက် အ​မျိုး​သား​လု​လင်​နှစ်​ယောက်​သည် ဧ​ဖ​ရိမ်​တောင်​မှ ရောက်​လာ​ပြီ။ ငွေ​အ​ခွက်​တစ်​ဆယ်​နှင့် အ​ဝတ်​နှစ်​စုံ​ကို သူ​တို့​အ​ဖို့​ပေး​ပါ​လော့​ဟု တောင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော် သ​ခင်​သည် ကျွန်​တော်​ကို​စေ​လွှတ်​ပါ​ပြီ​ဟု ဆို​လျှင်၊ နေ​မန်​က၊ အ​ခွက်​နှစ်​ဆယ်​ကို မ​ငြင်း​ယူ​ပါ​လော့​ဟု တိုက်​တွန်း​လျက်၊ ငွေ​အ​ခွက်​နှစ်​ဆယ်​ကို အိတ်​နှစ်​လုံး၌ အ​ဝတ်​နှစ်​စုံ​နှင့်​တ​ကွ စည်း၍ မိ​မိ​ကျွန်​နှစ်​ယောက်​အ​ပေါ်​မှာ တင်​သ​ဖြင့်၊ သူ​တို့​သည် ဂေ​ဟာ​ဇိ​ရှေ့၌ ထမ်း​သွား​ရ၏။ မြို့​ရိုး​သို့ ရောက်​သော​အ​ခါ၊ ထို​ဥ​စ္စာ​ကို ဂေ​ဟာ​ဇိ​သည်​ယူ၍ အိမ်၌​သို​ထား​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​ကို လွှတ်​လိုက်​ပြီး​မှ၊ ကိုယ်​တိုင်​ဝင်၍ မိ​မိ​သ​ခင့်​ရှေ့၌ ရပ်​နေ၏။ ဧ​လိ​ရှဲ​က​လည်း၊ ဂေ​ဟာ​ဇိ၊ အ​ဘယ်​အ​ရပ်​သို့ သွား​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​အ​ရပ်​ကို​မျှ မ​သွား​ပါ​ဟု ပြန်​ပြော​သော်၊ ဧ​လိ​ရှဲ​က၊ ထို​လူ​သည် သင့်​ကို​ကြို​ဆို​အံ့​သော​ငှာ၊ ရ​ထား​ပေါ်​မှ​လှည့်​သော​အ​ခါ၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် သင်​နှင့်​အ​တူ မ​လိုက်​သ​လော။ ငွေ​ကို​ခံ​ယူ​ချိန် ရှိ​သ​လော။ အ​ဝတ်၊ သံ​လွင်​ဥ​ယျာဉ်၊ စ​ပျစ်​ဥ​ယျာဉ်၊ သိုး​နွား၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို သိမ်း​ယူ​ချိန်​ရှိ​သ​လော။ သို့​ဖြစ်၍ နေ​မန်၏​နူ​နာ​သည် သင်၌​လည်း​ကောင်း၊ သင်၏​သား​မြေး၌​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​စွဲ​စေ​ဟု ဆို​သည်​အ​တိုင်း၊ ဂေ​ဟာ​ဇိ​သည် နူ​နာ​စွဲ၍ မိုး​ပွင့်​ကဲ့​သို့​ဖြူ​လျက်၊ သ​ခင်​ထံ​မှ​ထွက်​သွား၏။