ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှုကိုပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက်လော့ဟုစီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူသင့်ပါသည်တကားဟု လျှောက်ကြသော်၊ နေမန်သည်သွား၍ ဘုရားသခင်၏လူစီရင်သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ်နှစ်သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။ သို့ပြီးမှ လိုက်သောသူအပေါင်းတို့နှင့်တကွ ဘုရားသခင်၏လူထံသို့ ပြန်လာ၍ သူ့ရှေ့၌ရပ်လျက်၊ ဣသရေလပြည်မှတစ်ပါး အဘယ်ပြည်၌မျှ ဘုရားသခင်မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ၏။
၄ ဓမ္မရာဇဝင် 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၄ ဓမ္မရာဇဝင် 5:13-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ