တစ်နေ့သ၌ ဧလိရှဲသည် ရှုနင်မြို့သို့သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတစ်ယောက်သည် ဧလိရှဲကို ကျွေးခြင်းငှာ ခေါ်ပင့်လေ၏။ နောက်မှ ထိုလမ်းသို့သွားသောအခါခါ၊ ကျွေးခြင်းကိုခံအံ့သောငှာ ထိုအိမ်သို့ဝင်တတ်၏။ မိန်းမကလည်း၊ ငါတို့နေရာလမ်းဖြင့် အစဉ်သွားလာသော ဤသူသည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။ ဝင်ရိုးအပေါ်မှာ အခန်းငယ်တစ်ခုကို လုပ်ကြကုန်အံ့။ သူ့အဖို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကိုထားကြကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို၏။ တစ်နေ့သ၌ ဧလိရှဲသည်ရောက်သဖြင့်၊ ထိုအခန်းထဲသို့ဝင်၍ အိပ်နေ၏။ ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန်ဂေဟာဇိအား ဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲရှေ့မှာ ရပ်နေ၏။ ဧလိရှဲက၊ သင်သည်ငါတို့အဖို့ ဤမျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဖို့အဘယ်သို့ ပြုရမည်နည်း။ သင့်အဖို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင်သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။ ဧလိရှဲကလည်း၊ ဤမိန်းမအဖို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟုဆိုသော်၊ တစ်ဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။ ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန်အရွယ်စေ့သောအခါ သားကိုဖက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ ဘုရားသခင်၏လူ၊ ကိုယ်တော်ကျွန်မကို မုသားမသုံးပါနှင့်ဟု ပြန်ပြော၏။ ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဖွားမြင်လေ၏။
၄ ဓမ္မရာဇဝင် 4 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၄ ဓမ္မရာဇဝင် 4:8-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ